my_tn/2co/05/11.md

3.3 KiB

သခင်ဘုရားနှင့်ဆိုင်သော ကြောက်မက်ဖွယ်သော အကြောင်းအရာတို့ကို ငါတို့သည် သိလျှင်၊

"ဘုရားသခင်ကို ကြောက်ရွံ့ခြင်း" ၏အဓိပ္ပါယ်ကို သိခြင်း ကို ဆိုလိုသည်။

လူများကိုနှိုးဆော်သွေးဆောင်ရသည်ဖြစ်၍၊

ဖြစ်နိုင်သော ဆိုလိုရင်းများမှာ (၁) "သစ္စာတရားနှင့် ပြည့်ဝသော ဧဝံဂေလိတရားသို့ ငါတို့သည် လူများကိုး ဆွဲဆောင်သည်၊" သို့မဟုတ် (၂) "ငါတို့သည် စစ်မှန်သော တမန်တော်များဖြစ်သည်အတိုင်း ငါတို့သည် လူများကို ဆွဲဆောင်သည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ဘုရားသခင်ရှေ့တော်၌ ထင်ရှားကြ၏

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့သည် အဘယ်ကဲ့သို့လူမျိုး ဖြစ်သည်ကို ဘုရားသခင်သည် ရှင်းရှင်းလင်းလင်း သိတော်မူ၏။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

သင်တို့၏စိတ်ရှေ့၌ လည်းထင်ရှားကြသည်

သင်တို့သည်လည်း နားလည်ကြ၏။

ဝါကြွားသောသူတို့၏ စကားကို သင်တို့သည် ချေနိုင်မည်အကြောင်း

ထို့ကြောင့် သင်တို့သည် ပြောစရာတချို့ ရှိပါလိမ့်မည်။

စိတ်သဘောကိုမထောက်၊ အသွေးအဆင်းကိုထောက်၍ ဝါကြွားသောသူတို့

ဤနေရာတွင် "အသွေးအဆင်း" ဟူသောစကားသည် "အရည်အချင်း နှင့် အဆင့်အတန်း" ကဲ့သို့သော အပြင်ပိုင်းရုပ်ကို ရည်ညွန်းခြင်းဖြစ်သည်။ "စိတ်သဘော" ဟူ သော စကားလုံးသည် "လူတစ်ဦး၏ အတွင်းစိတ်ထား" ကို ရည်ညွန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အပြင်ပိုင်းတွင် တွေ့နိုင်သော အရည်အချင်းအပေါ်တွင် ဝါကြွားသောသူတို့ ... အတွင်းစိတ်သဘောထားအားဖြင့် မဟုတ်ဘဲ။ (ရှု၊ rc://*/ta/man/translate/figs-metonymy)