my_tn/2co/05/11.md

24 lines
3.3 KiB
Markdown
Raw Permalink Normal View History

2021-02-22 15:11:43 +00:00
# သခင်ဘုရားနှင့်ဆိုင်သော ကြောက်မက်ဖွယ်သော အကြောင်းအရာတို့ကို ငါတို့သည် သိလျှင်၊
"ဘုရားသခင်ကို ကြောက်ရွံ့ခြင်း" ၏အဓိပ္ပါယ်ကို သိခြင်း ကို ဆိုလိုသည်။
# လူများကိုနှိုးဆော်သွေးဆောင်ရသည်ဖြစ်၍၊
ဖြစ်နိုင်သော ဆိုလိုရင်းများမှာ (၁) "သစ္စာတရားနှင့် ပြည့်ဝသော ဧဝံဂေလိတရားသို့ ငါတို့သည် လူများကိုး ဆွဲဆောင်သည်၊" သို့မဟုတ် (၂) "ငါတို့သည် စစ်မှန်သော တမန်တော်များဖြစ်သည်အတိုင်း ငါတို့သည် လူများကို ဆွဲဆောင်သည်။" (ရှု၊ [[rc://*/ta/man/translate/figs-explicit]])
# ဘုရားသခင်ရှေ့တော်၌ ထင်ရှားကြ၏
ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့သည် အဘယ်ကဲ့သို့လူမျိုး ဖြစ်သည်ကို ဘုရားသခင်သည် ရှင်းရှင်းလင်းလင်း သိတော်မူ၏။ (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])
# သင်တို့၏စိတ်ရှေ့၌ လည်းထင်ရှားကြသည်
သင်တို့သည်လည်း နားလည်ကြ၏။
# ဝါကြွားသောသူတို့၏ စကားကို သင်တို့သည် ချေနိုင်မည်အကြောင်း
ထို့ကြောင့် သင်တို့သည် ပြောစရာတချို့ ရှိပါလိမ့်မည်။
# စိတ်သဘောကိုမထောက်၊ အသွေးအဆင်းကိုထောက်၍ ဝါကြွားသောသူတို့
ဤနေရာတွင် "အသွေးအဆင်း" ဟူသောစကားသည် "အရည်အချင်း နှင့် အဆင့်အတန်း" ကဲ့သို့သော အပြင်ပိုင်းရုပ်ကို ရည်ညွန်းခြင်းဖြစ်သည်။ "စိတ်သဘော" ဟူ သော စကားလုံးသည် "လူတစ်ဦး၏ အတွင်းစိတ်ထား" ကို ရည်ညွန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အပြင်ပိုင်းတွင် တွေ့နိုင်သော အရည်အချင်းအပေါ်တွင် ဝါကြွားသောသူတို့ ... အတွင်းစိတ်သဘောထားအားဖြင့် မဟုတ်ဘဲ။ (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])