my_tn/1ki/01/35.md

4.5 KiB

ယေဘုယျ အချက်အလက်

ဒါဝိဒ်မင်းကြီးသည် သူ၏နောက် ဘုရင်ဖြစ်လာမည့် ရှောလမုန် ကိုယ်စား ဆက်ပြောသည်။

လာ၍ နန်းထိုင် ရမည်

"နန်းထိုင် ရမည်" ဟူသော စကားလုံးကို ဘုရင်ဖြစ်လာခြင်း၏ ပြယုဂ် အဖြစ် (၁:၁၃)၊ (၁:၁၅) နှင့်(၁:၂၈) တို့တွင် သုံးနှုန်းထားသည်။ ဤတွင် ဒါဝိဒ်မင်းကြီးသည် ရှောလမုန်အား တရားဝင် နန်းထိုင်စေခြင်း ဖြစ်သည်။

အာမင်

ဒါဝိဒ်မင်းကြီးပြောသမျှအား သဘောတူသည်၊ ပြုလုပ်မည်။

အရှင် မင်းကြီးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် လည်း ထိုသို့မိန့်တော်မူပါစေသော

ယောယဒသား ဗေနာယသည် ဒါဝိဒ်မင်းကြီးအား ရိုသေလေးစားမှုကို ပြသရန် အခြား တစ်စုံတစ်ဦးအား ပြောသကဲ့သို့ ပြောသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်၏ သခင် နှင့် ရှင်ဘုရင်၊ သင်၏ ဘုရားသခင် ထာဝရဘုရား အတည်ပြုပါစေ။" (ရှု၊ rc://*/ta/man/translate/figs-pronouns)

အရှင်မင်းကြီးဘက်မှာ ရှိတော်မူသည်နည်းတူ

ယောယဒသား ဗေနာယသည် ဒါဝိဒ်မင်းကြီးအား ရိုသေလေးစားမှုကို ပြသရန် အခြား တစ်စုံတစ်ဦးအား ပြောသကဲ့သို့ ပြောသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ကျွန်ုပ်၏ သခင် ရှင်ဘုရင်နှင့် အတူရှိ သကဲ့သို့" (ရှု၊ rc://*/ta/man/translate/figs-pronouns)

အရှင်မင်းကြီးဒါဝိဒ်၏ ရာဇပလ္လင်ထက် သားတော်၏ ရာဇပလ္လင်သည်သာ၍ ဘုန်းကြီးမည် အကြောင်း စီရင်တော်မူပါစေသော

"ရာဇပလ္လင်" ဟူသော စကားလုံးသည် ၁။ ပလ္လင်ပေါ်တွင် ထိုင်သောသူ။ အခြားသော ဘာသာပြန်ဆိုချက် - "ပလ္လင်ပေါ်မှာ ထိုင်သောသူသည် ကျွန်ုပ်သခင် အရှင်မင်းကြီး ဒါဝိဒ်၏ ရာဇပလ္လင်ထက် ကြီးမြတ်အောင် ပြုလုပ်သည်။" သို့မဟုတ် ၂။ ပလ္လင်ပေါ်တွင် ထိုင်သောသူ၏ အာဏာသည် နိုင်ငံတော်အပေါ် သက်ရောက်မည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သခင် အရှင်မင်းကြီး ဒါဝိဒ်၏ ရာဇပလ္လင်ထက် သူ၏ ပလ္လင်အား ကြီးမြတ်အောင် ပြုလုပ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

အရှင်မင်းကြီးဒါဝိဒ်၏ ရာဇပလ္လင်

ယောယဒသား ဗေနာယသည် ဒါဝိဒ်မင်းကြီးအား ရိုသေလေးစားမှုကို ပြသရန် အခြား တစ်စုံတစ်ဦးအား ပြောသကဲ့သို့ ပြောသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်၏ သခင်၊ ရှင်ဘုရင် ဒါဝိဒ်မင်းကြီး၊ သင်၏ ရာဇပလ္လင်" (ရှု၊ rc://*/ta/man/translate/figs-pronouns)