# ယေဘုယျ အချက်အလက် ဒါဝိဒ်မင်းကြီးသည် သူ၏နောက် ဘုရင်ဖြစ်လာမည့် ရှောလမုန် ကိုယ်စား ဆက်ပြောသည်။ # လာ၍ နန်းထိုင် ရမည် "နန်းထိုင် ရမည်" ဟူသော စကားလုံးကို ဘုရင်ဖြစ်လာခြင်း၏ ပြယုဂ် အဖြစ် (၁:၁၃)၊ (၁:၁၅) နှင့်(၁:၂၈) တို့တွင် သုံးနှုန်းထားသည်။ ဤတွင် ဒါဝိဒ်မင်းကြီးသည် ရှောလမုန်အား တရားဝင် နန်းထိုင်စေခြင်း ဖြစ်သည်။ # အာမင် ဒါဝိဒ်မင်းကြီးပြောသမျှအား သဘောတူသည်၊ ပြုလုပ်မည်။ # အရှင် မင်းကြီးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် လည်း ထိုသို့မိန့်တော်မူပါစေသော ယောယဒသား ဗေနာယသည် ဒါဝိဒ်မင်းကြီးအား ရိုသေလေးစားမှုကို ပြသရန် အခြား တစ်စုံတစ်ဦးအား ပြောသကဲ့သို့ ပြောသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်၏ သခင် နှင့် ရှင်ဘုရင်၊ သင်၏ ဘုရားသခင် ထာဝရဘုရား အတည်ပြုပါစေ။" (ရှု၊ [[rc://*/ta/man/translate/figs-pronouns]]) # အရှင်မင်းကြီးဘက်မှာ ရှိတော်မူသည်နည်းတူ ယောယဒသား ဗေနာယသည် ဒါဝိဒ်မင်းကြီးအား ရိုသေလေးစားမှုကို ပြသရန် အခြား တစ်စုံတစ်ဦးအား ပြောသကဲ့သို့ ပြောသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ကျွန်ုပ်၏ သခင် ရှင်ဘုရင်နှင့် အတူရှိ သကဲ့သို့" (ရှု၊ [[rc://*/ta/man/translate/figs-pronouns]]) # အရှင်မင်းကြီးဒါဝိဒ်၏ ရာဇပလ္လင်ထက် သားတော်၏ ရာဇပလ္လင်သည်သာ၍ ဘုန်းကြီးမည် အကြောင်း စီရင်တော်မူပါစေသော "ရာဇပလ္လင်" ဟူသော စကားလုံးသည် ၁။ ပလ္လင်ပေါ်တွင် ထိုင်သောသူ။ အခြားသော ဘာသာပြန်ဆိုချက် - "ပလ္လင်ပေါ်မှာ ထိုင်သောသူသည် ကျွန်ုပ်သခင် အရှင်မင်းကြီး ဒါဝိဒ်၏ ရာဇပလ္လင်ထက် ကြီးမြတ်အောင် ပြုလုပ်သည်။" သို့မဟုတ် ၂။ ပလ္လင်ပေါ်တွင် ထိုင်သောသူ၏ အာဏာသည် နိုင်ငံတော်အပေါ် သက်ရောက်မည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သခင် အရှင်မင်းကြီး ဒါဝိဒ်၏ ရာဇပလ္လင်ထက် သူ၏ ပလ္လင်အား ကြီးမြတ်အောင် ပြုလုပ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # အရှင်မင်းကြီးဒါဝိဒ်၏ ရာဇပလ္လင် ယောယဒသား ဗေနာယသည် ဒါဝိဒ်မင်းကြီးအား ရိုသေလေးစားမှုကို ပြသရန် အခြား တစ်စုံတစ်ဦးအား ပြောသကဲ့သို့ ပြောသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်၏ သခင်၊ ရှင်ဘုရင် ဒါဝိဒ်မင်းကြီး၊ သင်၏ ရာဇပလ္လင်" (ရှု၊ [[rc://*/ta/man/translate/figs-pronouns]])