DMS_GL_en_ta/translate/figs-sentences/01.md

11 KiB

ဖော်ပြချက်

အင်္ဂလိပ်စာ၌ အရိုးရှင်းဆုံး ဝါကျတည်ဆောက်ပုံ တွင် ပြုလုပ်သူတစ်ယောက် နှင့်  လုပ်ဆောင်ချက်တစ်ခုပါဝင်သည်။

  • ကောင်လေးတစ်ယောက်ပြေးသည်။

ပြုလုပ်သူ(ပြုလုပ်ခံ)

ပြုလုပ်သူဆိုသည် မှာ မည်သူဖြစ်သည် သို့မဟုတ် မည်သည့်အရာဖြစ်သည် ဟူသည့် ဝါကျ၏ အကြောင်းဖြစ်သည်။ အောက်ပါ ဥပမာများတွင် ပြုလုပ်သူများအား မျဥ်းတားထားသည်။

  • ကောင်လေး****တစ်ယောက်သည် ပြေးနေသည်။

  • သူသည် ပြေးနေသည်။

ပြုလုပ်သူများသည် အများအားဖြင့် နာမ်ပုဒ်စုများ သို့မဟုတ် နာမ်စားများ ဖြစ်တတ်ကြသည်။ (မိန့်ခွန်း၏ ပုံစံများ တွင် ကြည့်ပါ။) အထက်ပါ ဥပမာထဲတွင် “ကောင်လေးတစ်ယောက်” သည် နာမ်ပုဒ်စုဖြစ်၍ “ကောင်လေး” ဟူသော နာမ်ရှိပြီး “ သူ”သည် နာမ်စားဖြစ်သည်။

ဝါကျသည် အမိန့်ပေးဝါကျဖြစ်လျင် ဘာသာစကားအများစု၌ ထိုဝါကျတွင် ပြုလုပ်သူ နာမ်စားမရှိပါ။ လူတို့က ပြုလုပ်သူ သည် “သင်” ဖြစ်သည်ဟု နားလည်ကြသည်။

  • တံခါးကိုပိတ်ပါ။

Predicate

Predicate သည် ပြုလုပ်သူ အကြောင်းကိုဖော်ပြသော ဝါကျ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဝါစင်္ကတွင် များသောအားဖြင့် ကြိယာရှိတတ်သည်။ ( ကြိယာတွင် ကြည့်ပါ။) အောက်ပါဝါကျ များတွင် “ယောက်ျားကြီး” နှင့် “သူ” သည် ပြုလုပ်သူဖြစ်သည်။ Predicate များအား မျဥ်းတားထား၍ ကြိယာများအား စာလုံးအကြီးဖြင့်ဖော်ပြထားသည်။

  • ယောက်ျားကြီးသည် သန်မာသည်။
  • သူသည် အလုပ် ကြိုးစားသည်။
  • သူ ပန်းခြံတစ်ခု ပြုလုပ်ထားသည်။

ဝါကျရောများ

ဝါကျတွင် ဝါကျတစ်ခုထက်ပို၍ ပါဝင်နိုင်သည်။ အောက်ပါ စာကြောင်းနှစ်ကြောင်းစီတွင် ပြုလုပ်သူတစ်ဦး၊ Predicate တစ်ခုပါဝင်၍ စာကြောင်းအပြည့်အစုံဖြစ်သည်။

  • သူသည် ဝဥ တို့ကိုစိုက်ပျိုးခဲ့သည်။
  • သူ၏ မိန်းမသည် ပြောင်းဖူးတို့ကိုစိုက်ပျိုးခဲ့သည်။

အောက် ပါဝါကျရောတွင် အထက်ပါ ဝါကျ နှစ်ခု ပါဝင်သည်။ အင်္ဂလိပ်စာတွင် “၍” ၊ “သို့သော်” နှင့် “သို့မဟုတ်” စသည့် စကားဆက်များဖြင့် ဝါကျရောများကိုဆက်လေ့ရှိသည်။

  • သူသည် ဝဥတို့ကိုစိုက်ပျိုးခဲ့ သူ၏မိန်းမသည် ပြောင်းဖူးတို့ကိုစိုက်ပျိုးခဲ့သည်။

ဝါကျပိုင်းများ

ဝါကျများတွင် ဝါကျပိုင်း များနှင့်အခြားပုဒ်စုတို့ပါဝင်တတ်သည်။ ဝါကျပိုင်းများတွင် ပြုလုပ်သူနှင့် ဝါစင်္ကများပါဝင်သောကြောင့် ဝါကျနှင့်တူသော်လည်း သဘာဝအားဖြင့် သူတို့ကိုယ်တိုင် ပေါ်ပေါက်လာခြင်းမရှိပေ။ ဤအရာတို့သည် ဝါကျပိုင်း များ၏ ဥပမာများ ဖြစ်သည်။ ပြုလုပ်သူများအား စာလုံးကြီးဖြင့်ရေး၍ ဝါစင်္ကများအား မျဥ်းတား ထား သည်။

  • ပြောင်းဖူးများ အဆင်သင့်ဖြစ်သော အခါ

  • သူမ ထိုအရာအား ရိတ်သိမ်းခဲ့ပြီး နောက်တွင်

  • အရသာအလွန်ကောင်းမွန် သောကြောင့်

ဝါကျများထဲတွင် ဝါကျပိုင်းများ များစွာ ပါဝင်တတ်ပြီး၊ ရှည်လျားရှုပ်ထွေးသော ဝါကျများ ဖြစ်လာသည်။ သို့သော် ဝါကျတစ်ကြောင်းစီတွင် မှီခိုခြင်းကင်းသော ဝါကျပိုင်း တစ်ခု အနည်းဆုံးပါဝင်ရပြီ၊ ထို ဝါကျပိုင်း သည် သူကိုယ်တိုင်ပင် စာကြောင်းတစ်ကြောင်း ဖြစ်နိုင်သည်။  သူတို့ကိုယ်တိုင်အားဖြင့် စာကြောင်းတစ်ကြောင်းမဖြစ်နိုင်သော ဝါကျပိုင်း များအား မှီခိုဝါကျပိုင်းများ ဟုခေါ်သည်။ အောက်ပါစာကြောင်းများတွင် မှီခိုဝါကျပိုင်းများ အား မျဥ်းတားထားသည်။

  • ပြောင်းဖူးများအဆင်သင့်ဖြစ်သောအခါ သူမရိတ်သိမ်းခဲ့သည်။

  • သူမ ထိုအရာအား ရိတ်သိမ်းခဲ့ပြီးနောက်တွင် အိမ်သို့သယ်ဆောင်၍ချက်ပြုတ်ခဲ့သည်။

  • အရသာအလွန်ကောင်းမွန်သောကြောင့် သူမနှင့်သူမယောက်ျားတို့ အကုန်စားသုံးခဲ့သည်။

အောက်ပါပုဒ်စုတစ်ခုစီသည် စာကြောင်းတစ်ကြောင်း ဖြစ်နိုင်သည်။ သူတို့သည် အထက်ပါစာကြောင်း များတွင် ပါဝင်သည့် မှီခိုခြင်းကင်းသောဝါကျပိုင်းများဖြစ်ကြသည်။

  • သူမ ထိုအရာအား ရိတ်သိမ်းခဲ့သည်
  • အိမ်သို့သယ်၍ချက်ပြုတ်ခဲ့သည်
  • ထို့နောက် သူမနှင့် သူမယောက်ျားတို့အကုန်စားသုံးခဲ့သည်

Relative Clauses

အချို့သောဘာသာစကားများတွင် ဝါကျပိုင်းများကို ဝါကျ၏အစိတ်အပိုင်းဖြစ်သော နာမ်နှင့် တွဲ၍ အသုံးပြုနိုင်သည်။ ထိုအရာများကို (relative clause) ခေါ်သည်။

အောက်ပါ ဝါကျရှိ “ အဆင်သင့်ဖြစ်သော ပြောင်းဖူးများ” ဟူသော အပိုင်းသည် ဝါကျတစ်ခုလုံး ၏ ဝါစင်္က ဖြစ်သည်။ “အဆင်သင့်ဖြစ်သော” ဟူသည့် relative clause သည် သူမရိတ်သိမ်းခဲ့သော ပြောင်းဖူးသည် မည်သည့်”ပြောင်းဖူး” ဖြစ်သည်ဟူသော နာမ် ဖြင့်တွဲ၍သုံးထားသည်။

  • သူ၏ဇနီးသည် အဆင်သင့်ဖြစ်သော ပြောင်းဖူးများကို ရိတ်သိမ်းခဲ့သည်။

အောက်ပါ ဝါကျရှိ “အလွန်စိတ်ပျက်သွားသော သူမ၏အမေ “ ဟူသောအပိုင်းသည် ဝါကျ တစ်ခုလုံး၏ ဝါစင်္ကဖြစ်သည်။ “ အလွန်စိတ်ပျက်သွားသော” ဟူသည့် relative clause.သည် ပြောင်းဖူးတစ်ဖူးမှ မပေးသောအခါ သူမ အမေခံစားရပုံကိုဖော်ပြရန် “အမေ” ဟူသော နာမ် ဖြင့် တွဲ၍သုံးထားသည်။

  • ပြောင်းဖူးတစ်ဖူးမှမပေးသောအခါ သူမ၏အမေသည် အလွန်စိတ်ပျက်သွားသည်

Translation Issues

  • ဘာသာစကားများတွင် ဝါကျ၏ အစိတ်အပိုင်းများအား စီစဥ်ပုံ အမျိုးမျိုးရှိသည်။ (အချက်အလက်တည်ဆောက်ပုံ တွင်ကြည့်ပါ။)

  • အချို့သောဘာသာစကားများတွင် (relative clauses) မရှိချေ သို့မဟုတ် သူတို့သည် ထိုအရာများ ကို ကန့်သတ်ထားသောနည်းလမ်းဖြင့် အသုံးပြုသည်။ (Distinguishing versus Informing or Remindingတွင်ကြည့်ပါ။)