DMS_GL_en_ta/translate/figs-parallelism/01.md

19 KiB

ဖော်ပြချက်

အလားတူရေးသားမှုဆိုသည်မှာ တွေးခေါ်မှု သို့မဟုတ် တည်ဆောက်ပုံ တူညီသော စာစု သို့မဟုတ် စာပိုဒ်ငယ် နှစ်ခုကို အတူတကွအသုံးပြု ရေးသားခြင်းဖြစ်သည်။ အလားတူရေးသားချက် ပုံစံများစွာရှိသည်။ ၄င်းတို့အနက် အချို့မှာ အောက်ပါတို့ ဖြစ်ကြသည်။

  •  ဒုတိယ စာစု သို့မဟုတ် စာပိုဒ်ငယ်သည် ပထမတစ်ခုနှင့် အဓိပ္ပာယ်တူညီသော ရေးသားပုံဖြစ်သည်။ ဤရေးသားပုံကို တွဲဖက်အနက်ရှိ အလားတူရေးသားမှု (synonymous parallelism) ဟုလည်း ခေါ်သည်။
  •  ဒုတိယပိုင်းသည် ပထမပိုင်းကို ရှင်းလင်းခြင်း သို့မဟုတ် ပိုမိုလေးနက်အောင် ထောက်ကူပေးသည့် ရေးသားပုံဖြစ်သည်။
  • ဒုတိယပိုင်းသည် ပထမပိုင်းတွင် ဖွင့်ဆိုခဲ့သည့်အကြောင်းအရာကို ဖြည့်စွက်ပေးသည့် ရေးသားပုံဖြစ်သည်။
  •  ဒုတိယပိုင်းသည် ပထမပိုင်းတွင် ဖွင့်ဆိုခဲ့သည့်အကြောင်းအရာနှင့် ကွဲလွဲသော်လည်း အတွေးအမြင်သစ်များ ထပ်မံထည့်သွင်း ရေးသားပုံဖြစ်သည်။

အလားတူရေးသားမှုပုံစံကို ဆာလံကျမ်း၊ ဆိုရိုးစကားများကျမ်းကဲ့သို့သော ဓမ္မသတ်ကျမ်းဟောင်းလာ ကဗျာများတွင် အများအားဖြင့်တွေ့ရသည်။ ထိုရေးသားမှုပုံစံကို ဂရိဘာသာဖြင့် ရေးသားသော ဓမ္မသစ်ကျမ်းရှိ ဧဝံဂေလိလေးစောင်နှင့် တမန်တော်ဝတ္ထုတို့တွင်လည်း တွေ့နိုင်သည်။

This article will only discuss synonymous parallelism, the kind in which the two parallel phrases mean the same thing, because that is the kind that presents a problem for translation. Note that we use the term “synonymous parallelism” for long phrases or clauses that have the same meaning. We use the term “doublet” for words or very short phrases that mean basically the same thing and are used together.

မူရင်းဘာသာစကားများဖြင့် ရေးသားထားရှိသော ကဗျာကျမ်းများတွင် တွဲဖက်အနက်ရှိ အလားတူရေးသားမှု (တူညီသောအဓိပ္ပာယ်ရှိသော စာစုနှစ်ခုဖြင့် ရေးသားသည့်ပုံစံ) ကြောင့် အကျိုးသက်ရောက်မှု များစွာရှိသည်

  • တွဲဖက်အနက်ရှိ အလားတူရေးသားမှုသည် အကြောင်းအရာတစ်ခုကို တစ်ကြိမ်ထက်ပို၍ ထည့်သွင်းခြင်းနှင့် ဖော်ပြပုံတစ်နည်းထပ်ပို၍ ရေးသားခြင်းအားဖြင့် ၄င်းအကြောင်းအရာ၏ လွန်စွာအရေးပါပုံကို ပေါ်လွင်စေသည်။

  • ထိုရေးသားမှုသည် အကြောင်းအရာတစ်ခုကို မတူညီသော နည်းလမ်းများဖြင့် ဖော်ပြစေသဖြင့် ဖတ်ရှုသူအဖို့ ၄င်းအကြောင်းအရာအပေါ် ပိုမိုလေးနက်စွာ တွေးခေါ်မိစေရန် ကူညီပေးသည်။

  • ထိုရေးသားမှုသည် ဘာသာစကားကို ပိုမိုလှပစွာ တန်ဆာဆင်စေပြီး သာမန်ဖွဲ့ဆိုမှုထက် မြင့်မားစွာဖွဲ့ဆိုနိုင်စေသည်။

ဘာသာပြန်ဆိုရာတွင် အခက်အခဲဖြစ်ရခြင်း အကြောင်းအရင်း

အချို့သောဘာသာစကားများတွင် တွဲဖက်အနက်ရှိ အလားတူရေးသားမှုပုံစံကို အသုံးပြုခြင်း မရှိချေ။ ထို့ကြောင့် ၄င်းရေးသားမှုပုံစံကို ဖတ်ရှုရသူတို့အတွက် စာပါအကြောင်းအရာတစ်ခုကို နှစ်ခါထပ်၍ ဖတ်ရှုရခြင်းသည် အဆန်းဖြစ်နေလျှင်လည်း ဖြစ်နေမည်၊ သို့မဟုတ် စာစုနှစ်ခုသည် ကွဲပြားသောအဓိပ္ပာယ်ရှိရမည်ဟုလည်း ထင်မှတ်မိနေမည် ဖြစ်သည်။ ထိုသူတို့အတွက် တွဲဖက်အနက်ရှိ အလားတူရေးသားမှုပုံစံသည် လှပသောအရေးအသားဆိုသည်ထက် ရှုပ်ထွေးသောသဘောကို ဆောင်နေမည်ဖြစ်သည်။

သမ္မာကျမ်းစာပါ ဥပမာများ

နှုတ်ကပတ်တော်သည် ကျွန်တော်မျိုးခြေထောက်အတွက် မီးခွက်ဖြစ်၍

ကျွန်တော်မျိုးသွားရာလမ်းအတွက် အလင်းရောင်ဖြစ်ပါ၏။ (ဆာလံ ၁၁၉း၁၀၅ ULT)

အထက်ပါဝါကျ၏ နှစ်ပိုင်းစလုံးသည် ဘုရားရှင်၏ လူသားများအပေါ်တွင် မည်သို့အသက်ရှင်နေထိုင်ရမည်ကို ညွှန်ကြားပြသထားသည့် တင်စားချက်များဖြစ်သည်။ The words “lamp” and “light” are similar in meaning because they refer to light. The words “my feet” and “my path” are related because they refer to a person walking. Walking is a metaphor for living.

သူ့အား ကိုယ်တော်၏ လက်များဖြင့် ဖန်ဆင်းအပ်သည်များကို အုပ်စိုးခွင့်ပေးတော်မူ၏၊

သူ့ခြေထောက်အောက်တွင် ကိုယ်တော်၏ အရာအားလုံးကို စိုးမိုးခွင့်ပေးတော်မူ၏။ (ဆာလံ ၈း၆ ULT)

ဝါကျနှစ်ကြောင်းလုံးသည် ဘုရားရှင်မှ လူသားအား အရာရာကို အုပ်စိုးခွင့် ပေးတော်မူခြင်းကို ဆိုလိုသည်။

ဘုရားရှင်၏ မျက်လုံးတော်တို့သည် နေရာတိုင်းတွင် ရှိတော်မူ၍၊

အလုံးစုံသော လူကောင်း လူဆိုးတို့၏ အပြုအမူများကို ကြည့်ရှုလျက်နေတော်မူ၏။ (သုတ္တံ ၁၅း၃ ULT)

ဒုတိယဝါကျပိုင်းသည် ဘုရားရှင်က မည်သည့်အရာတို့ကို ကြည့်ရှုနေတော်မူသည်ကို ပိုမိုတိကျစွာ ဖော်ပြသည်။

ငါသည် ဘုရားရှင်ထံသို့ ငါ၏အသံကို မြှင့်တင်လျှောက်ထား၏၊

ကိုယ်တော်သည် သန့်ရှင်းမြင့်မြတ်ရာတောင်ပေါ်မှ ငါ၏ဆုတောင်ပတ္ထနာသံကို နားညောင်းတော်မူ၏။ (ဆာလံ ၃း၄ ULT)

ဒုတိယဝါကျပိုင်းက ပထမဝါကျပိုင်းတွင် တစ်စုံတစ်ဦး၏ ပြုမူပုံကို ဘုရားရှင်မည်သို့ တုံ့ပြန်ပြုမူသည်ကို ဖော်ပြသည်။

ဘုရားရှင်သည် သူတော်ကောင်းများကို ပို့ဆောင်စောင့်ထိန်းတော်မူလိမ့်မည်။

 သူယုတ်မာတို့မူကား ဆုံးရှူံးပျက်စီးရကြလိမ့်မည်။ (ဆာလံ ၁း၆ ULT)

အထက်ပါစာပိုဒ်သည် သူတော်ကောင်းများတွင် ဖြစ်ပေါ်ခံစားရပုံကို ပေါ်လွင်စေရန် သူယုတ်မာတို့တွင် ဖြစ်ပေါ်ခံစားရပုံတို့ကို နှိုင်းယှဥ်၍ ဖော်ပြထားသည်။

ဘာသာပြန်ခြင်း နည်းပရိယာယ်များ

အလားတူရေးသားမှု ပုံစံအများစုတွင် ပါဝင်သော စာပုဒ် သို့မဟုတ် စာပိုဒ်နှစ်ခုလုံးကို ဘာသာပြန်ဆိုလျှင် ကောင်းမွန်မှန်ကန်ပေသည်။ တွဲဖက်အနက်ရှိ အလားတူရေးသားမှုတွင်မူ အကယ်၍ ဘာသာပြန်သူ၏ ဘာသာစကားတွင် အကြောင်းအရာကို နှစ်ကြိမ်ရေးသားခြင်းကြောင့် အဓိပ္ပာယ်ပိုမိုလေးနက်မှုရှိလျှင် စာပိုင်းနှစ်ခုလုံးကို ဘာသာပြန်ဆိုရပါမည်။ အကယ်၍ ဘာသာပြန်ဆိုသော ဘာသာစကားတွင် ထိုသို့ရေးသားသော အလေ့အထမရှိလျှင်မူ အောက်ပါ ဘာသာပြန်ဆိုမှု ပရိယာယ်များကို အသုံးပြုနိုင်သည်။

(1)  စာပိုင်းနှစ်ခုလုံးကို တစ်ခုကဲ့သို့ ပေါင်းစပ်ခြ

(2) အကယ်၍ စာပိုင်းနှစ်ခုလုံးကို အတူတကွအသုံးပြုခြင်းဖြင့် ၄င်းတို့ဆိုလိုသည့်အရာသည် ဓမ္မစစ်မှန်ကန်ကြောင်းကို ဖော်ပြနိုင်လျှင် ‘မှန်ကန်စွာ’ သို့မဟုတ် ‘သေချာစွာ’ စသည့် မှန်ကန်မှုကို အားဖြည့်ကူညီသည့် စကားလုံးများကို အသုံးပြုခြင်း

(3) အကယ်၍ စာပိုင်းနှစ်ခုလုံးကို အတူတကွအသုံးပြုခြင်းဖြင့် အတွေးအခေါ်တစ်ခုကို ပိုမိုကြံ့ခိုင်အားကောင်းကြောင်းကို ဖော်ပြနိုင်လျှင် ‘အလွန်’၊ ‘အလုံးစုံ’ သို့မဟုတ် ‘အားလုံးသော’ စသည့် စကားလုံးများကို အသုံးပြုခြင်း

ဘာသာပြန်ခြင်း နည်းပရိယာယ်များကိုအသုံးချသည့် ဥပမာများ

(1) စာပိုင်းနှစ်ခုလုံးကို တစ်ခုကဲ့သို့ ပေါင်းစပ်ခြင်း

သင်သည် ကျွန်မအား လှည့်ဖျား၍ မုသားစကားများကို ပြောဆိုလျက်ပင်ရှိနေပါသေး၏။ (သူကြီး ၁၆း၁၃ ULT)

အထက်ပါစာပုဒ်သည် ဒေလိလမှ သူမအလွန်စိတ်ပျက်လျက်ရှိကြောင်းကို ထင်ရှားစွာဖော်ပြလိုသဖြင့် တူညီသောသဘောတရားတစ်ခုကို ၂ ကြိမ်ထပ်၍ ပြောဆိုထားခြင်း ဖြစ်သည်။ ၄င်းကို

သင်သည် ကျွန်မအား သင်၏မုသားစကားများဖြင့် လှည့်စားလျက်ပင်ရှိပါ၏ ဟူ၍ပြန်ဆိုနိုင်သည်။

ဘုရားရှင်သည် သင်ပြုသမျှသောအမှုတို့ကို မြင်တော်မူ၏။ ကိုယ်တော်သည် သင်သွားသည့်လမ်းတိုင်းတွင် သင့်အားစောင့်ကြည့်လျက်နေတော်မူ၏။ (သုတ္တံ ၅း၂၁ ULT)

အထက်ပါစာပုဒ်ရှိ “သင်သွားသည့်လမ်းတိုင်းတွင်” ဆိုသည်မှာ “သင်ဘာကိုပင်လုပ်လုပ်” ဆိုသည့်အဓိပ္ပာယ်ကို တင်စားခြင်းဖြစ်သည်။ ၄င်းကို

ဘုရားရှင်သည် သင်ပြုလုပ်သည့် အရာတိုင်းကို သတိပြုစောင့်ကြည့်လျက် နေတော်မူ၏ ဟူ၍ပြန်ဆိုနိုင်သည်။

ဘုရားရှင်သည် မိမိ၏လူမျိုးတော်အား စွဲချက်တင်ရန်ရှိတော်မူသည်။ ကိုယ်တော်သည် ဣသရေလအမျိုးသားတို့နှင့် အမှုဆိုင်ရန်ရှိသည်။ (မိက္ခာ ၆း၂ ULT)

အထက်ပါ အလားတူစာပုဒ်သည် လူမျိုးစုတစ်ခုနှင့် ဘုရားရှင်ကြားတွင် ပြင်းထန်သော သဘောကွဲလွဲမှုရှိခဲ့ကြောင်းကို ဖော်ပြခြင်းဖြစ်သည်။ အကယ်၍ ရှင်းလင်းမှုမရှိပါက ထိုစာပုဒ်ကို အောက်ပါအတိုင်း ပေါင်းစပ်နိုင်သည်။

ဘုရားရှင်သည် မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့နှင့် အမှုဆိုင်ရန်ရှိသည်။

(2) အကယ်၍ စာပိုင်းနှစ်ခုလုံးကို အတူတကွအသုံးပြုခြင်းဖြင့် ၄င်းတို့ဆိုလိုသည့်အရာသည် ဓမ္မစစ်မှန်ကန်ကြောင်းကို ဖော်ပြနိုင်လျှင် ‘မှန်ကန်စွာ’ သို့မဟုတ် ‘သေချာစွာ’ စသည့် မှန်ကန်မှုကို အားဖြည့်ကူညီသည့် စကားလုံးများကို အသုံးပြုခြင်း

ဘုရားရှင်သည် သင်ပြုသမျှသောအမှုတို့ကို မြင်တော်မူ၏။ ကိုယ်တော်သည် သင်သွားသည့်လမ်းတိုင်းတွင် သင့်အားစောင့်ကြည့်လျက်နေတော်မူ၏။ (သုတ္တံ ၅း၂၁ ULT) ၄င်းကို

ဘုရားရှင်သည် သင်ပြုလုပ်သည့် အရာတိုင်းကို အမှန်ပင် မြင်တော်မူ၏ ဟူ၍ပြန်ဆိုနိုင်သည်။

You make him to rule over the works of your hands; you have put all things under his feet (Psalm 8:6 ULT)

You have certainly made him to rule over everything that you have created.

(3) အကယ်၍ စာပိုင်းနှစ်ခုလုံးကို အတူတကွအသုံးပြုခြင်းဖြင့် အတွေးအခေါ်တစ်ခုကို ပိုမိုကြံ့ခိုင်အားကောင်းကြောင်းကို ဖော်ပြနိုင်လျှင် ‘အလွန်’၊ ‘အလုံးစုံ’ သို့မဟုတ် ‘အားလုံးသော’ စသည့် စကားလုံးများကို အသုံးပြုခြင်း

သင်သည် ကျွန်မအား လှည့်ဖျား၍ မုသားစကားများကို ပြောဆိုလျက်ပင်ရှိနေပါသေး၏။ (သူကြီး ၁၆း၁၃ ULT) ၄င်းကို

သင်ပြုလုပ်ခဲ့သမျှအရာအားလုံးသည် ကျွန်မအား လိမ်ညာခြင်းသာဖြစ်သည် ဟူ၍ပြန်ဆိုနိုင်သည်။

ဘုရားရှင်သည် သင်ပြုသမျှသောအမှုတို့ကို မြင်တော်မူ၏။ ကိုယ်တော်သည် သင်သွားသည့်လမ်းတိုင်းတွင် သင့်အားစောင့်ကြည့်လျက်နေတော်မူ၏။ (သုတ္တံ ၅း၂၁ ULT) ၄င်းကို

ဘုရားရှင်သည် သင်ပြုလုပ်သည့် အရာတိုင်းကို အလုံးစုံ မြင်တော်မူ၏ ဟူ၍ပြန်ဆိုနိုင်သည်။