1.3 KiB
1.3 KiB
တာမာ၌ကိုယ်ဝန်ရှိသည် ကိုသိရသောအခါ ယုဒသည်မည်သို့ပြုလိုသနည်း။
တာမာသည် ပြည့်တန်ဆာအဖြစ် ကိုယ်ဝန်ရရှိသောကြောင့် ယုဒသည် တာမာကို မီးရှို့သတ်ရန် အလိုရှိပါသည်။
တာမာကို ယုဒထံယူဆောင်လာသောအခါ တာမာကမည်သို့ပြုသနည်း။
တာမာက မိမိ၌ရရှိသော ကိုယ်ဝန်သည် တံဆိပ်၊ စလွယ်နှင့်တောင်ဝှေးတို့ကို ပိုင်ဆိုင်သူဖြစ်သည်ဟု ပြောပါသည်။
ယုဒသည် သူ၏တံဆိပ်၊ စလွယ်နှင့်တောင်ဝှေးတို့ကိုမြင်သောအခါ သူသည်မည်ကဲ့သို့ တုံ့ပြန်သနည်း။
ယုဒသည် တာမာအား သူ၏သား ရှေလနှင့်မပေးစားသောကြောင့် တာမာက သူ့ထက်ပို၍မှန်ကန်သည်ဟုပြောပါသည်။