my_tn/1ki/11/41.md

2.3 KiB

ရှောလမုန်ဝတ္ထု

ဤဝတ္ထု မရှိတော့ပါ။

ရှောလမုန်ဝတ္ထု၌ ရေးထား လျက်ရှိ၏

ဤသည်ကိုကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ ဤမေးခွန်း၏ အဖြေသည် အပေါင်းလက္ခဏာရှိသော အဖြေဟု ယူဆနိုင်သည်။ အဖြေသိလို၍ မေးမြန်းခြင်းမဟုတ်ဘဲ အထူးဂရုပြုချင်၍သာ မေးမြန်းခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ရှောလမုန်ဝတ္ထုတွင် တွေ့နိုင်သည်" (ရှု၊ [[rc:///ta/man/translate/figs-activepassive]] and [[rc:///ta/man/translate/figs-rquestion]])

ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ခမည်းတော် ဒါဝိဒ်မြို့၌သင်္ဂြိုဟ်ခြင်းကို ခံလေ၏

လူတစ်ယောက်၏ သေဆုံးခြင်းကို စကားယဉ် ဖြစ်သော "ဘိုးဘေးတို့နှင့် အိပ်ပျော်၍" ဟူသော စကားစုကို အသုံးပြုလျက် တင်စားပြောဆိုထားခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ရှောလမုန် နတ်ရွာစံပြီးနောက် ဘိုးဘေးများနှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံရသည်" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-euphemism]])

သင်္ဂြိုဟ်ခြင်းကို ခံလေ၏

ဤသည်ကိုကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "လူများ သူ့အား သင်္ဂြိုဟ်ကြသည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)