3.0 KiB
ယေဘုယျ အချက်အလက်
ဒါဝိဒ်သေဆုံးပြီးနောက်တွင် ရှောလမုန်သည် ဣသရေလလူမျိုးများ၏ ဘုရင်အသစ် အဖြစ် နေရာယူခဲ့သည်။
ဘိုးတော်ဘေးတော်တို့နှင့် အိပ်ပျော်
ဒါဝိဒ်သေဆုံးခြင်းသည် စကားအရ အိပ်ပျော်သကဲ့သို့ ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "သေသည်" (ရှု၊ rc://*/ta/man/translate/figs-euphemism)
ဒါဝိဒ်သည်ဘိုးတော်ဘေးတော်တို့နှင့် အိပ်ပျော် ၍ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံတော်မူ၏
ဤသည်ကိုကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ဒါဝိဒ်.....သူတို့သည် သူ့ကို သင်္ဂြိုဟ်ခဲ့ကြသည်"(ရှု၊ rc://*/ta/man/translate/figs-activepassive)
မင်းပြု၍ ဣသရေလနိုင်ငံ
"ဒါဝိဒ် ဣသရေလတိုင်းပြည်ကို စိုးစံခဲ့သော အချိန်" သို့မဟုတ် "ဒါဝိဒ် ဣသရေလတိုင်းပြည်အပေါ် စိုးစံခဲ့သည်"
ခမည်းတော်ဒါဝိဒ်၏ ရာဇ ပလ္လင်ပေါ်မှာ ထိုင်တော်မူ၍
ရာဇပလ္လင်သည် ရှင်ဘုရင်၏ လုပ်ပိုင်ခွင့် အာဏာကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက် - "သူ၏ ဖခင် ဒါဝိဒ်မင်းကြီး ကဲ့သို့ ရှင်ဘုရင် ဖြစ်လာသည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)
အာဏာတော်သည် အမြဲတည်၏။
ဤသည်ကိုကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာ ပြန်ဆိုချက် - "ထာဝရဘုရားသည် ရှောလမုန်၏ အာဏာတော် (စည်းမျဉ်း၊ နည်းဥပဒေသ)ကို အမြဲတည်စေသည်" သို့မဟုတ် "ထာဝရဘုရားသည် ရှောလမုန်အား နိုင်ငံတော်၏ ပြည့်စုံသော ထိန်းချုပ်မှုကို ယူစေခဲ့သည်။ (ရှု၊ rc://*/ta/man/translate/figs-activepassive)