my_tn/1ki/17/14.md

3.2 KiB

ထာဝရဘုရားသည် မြေပေါ်မှာ မိုဃ်းရွာစေတော်မမူမှီတိုင်အောင်

ဥပစာ စကားဖြစ်သည်၊ ထာဝရဘုရားသည် မိုးကို ဖြစ်စေတော်မူ၏။ အခြားသော ဘာသာပြန်ဆိုချက် - "ထာဝရဘုရားသည် မိုးကို ရွာစေတော်မူ၏" (ရှု၊ rc://*/ta/man/translate/figs-idiom)

ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့ သည် အင်တန်ကာလပတ်လုံး စားရကြ၏

မူလ ဘာသာစကားတွင် "သူမနှင့် သူမ၏ အိမ်သားအားလုံး ရက်ပေါင်းများစွာ စားခဲ့ကြသည်။" "သူ" သည် အဘယ်သူဖြစ်ကြောင်း မထင်ရှားပေ။ ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ ၁။ ဧလိယ၊ မုဆိုးမနှင့် သူ၏သားတို့သည် ရက်ပေါင်းများစွာ စားခဲ့ကြသည်။ သို့မဟုတ် ၂။ မုဆိုးမ၊ သူ၏သားနှင့် သူ၏ အိမ်တွင်နေထိုင်ကြသော အိမ်သားအားလုံးသည် ရက်ပေါင်းများစွာ စားခဲ့ကြသည်။ သို့မဟုတ် ၃။ ဧလိယ၊ မုဆိုးမနှင့် သူ၏အိမ်တွင် နေထိုင်သောသူအားလုံး ရက်ပေါင်းများစွာ စားခဲ့ကြသည်။

အိမ်သားတို့ သည် အင်တန်ကာလပတ်လုံး

"အိမ်သား"၏ ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ ၁။ မုဆိုးမ၏ သားကိုသာ ရည်ညွှန်းသည်။ သို့မဟုတ် ၂။ အမည်မဖော်ပြထားဘဲ အိမ်တွင် နေထိုင်သော အခြားသူများကို ရည်ညွှန်းသည်။ သို့မဟုတ် ၃။ သူ၏သားနှင့် အိမ်တွင်နေထိုင်သော အခြားသူများကို ရည်ညွှန်းသည်။

ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော် မူသောစကားအတိုင်း

ဤတွင် "စကား" ဟူသည် ထာဝရဘုရားသည် မိမိကိုယ်တိုင် ကိုယ်စားပြုခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ထာဝရဘုရား ပြောသည့်အတိုင်း" (ရှု၊ rc://*/ta/man/translate/figs-metonymy)