my_tn/1ki/16/07.md

16 lines
3.1 KiB
Markdown

# ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏ သားယေဟုအားဖြင့် ရောက်လာသည်
ထာဝရဘုရားသည် သူ၏လူများ သို့မဟုတ်သူ၏ ပရောဖက်များအား တစ်စုံတစ်ခုအား ပြောကြားရန် စတင် မိတ်ဆက်သောအခါတွင် သုံးသော ဥပစာ စကားဖြစ်သည်။ (၆:၁၁) တွင် မည်ကဲ့သို့ ဘာသာပြန်ထားသည်ကို ကြည့်ပါ။အခြားသော ဘာသာပြန်ဆိုချက် - "ထာဝရဘုရားသည် ဤစာအား ပြောခဲ့သည်။ သို့မဟုတ် ထာဝရဘုရားသည် ထိုစကားများအား ပြောခဲ့သည်။ (ရှုသို့မဟုတ် [[rc://*/ta/man/translate/figs-idiom]])
# မိမိပြုမူသောအားဖြင့်၊
လက်သည် ဗာရှာ သို့မဟုတ် သူ၏ လုပ်ဆောင်ချက်များအား ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ဗာရှာ လုပ်ဆောင်ခဲ့ပြီးသော အရာများ" (ရှု၊ [[rc://*/ta/man/translate/figs-synecdoche]])
# ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍
စိတ္တဇနာမ်ဖြစ်သော "အမျက်ထွက်ခြင်း" အား "အမျက်ထွက်သော" ဟူ၍ နာမဝိသေသနအဖြစ် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ထာဝရဘုရားအား အလွန် အမျက်ထွက်စေရန် ပြုလုပ်သကဲ့သို့" သို့မဟုတ် "ထာဝရဘုရားအား အလွန် အမျက်ထွက်စေသည်။" (ရှု၊ [[rc://*/ta/man/translate/figs-abstractnouns]])
# ရှေ့တော်၌ ပြစ်မှားသမျှသော အပြစ်ကြောင့်
ထာဝရဘုရား၏ ရှေ့တော် ဆိုသည်မှာ ထာဝရ၏ စီရင်ခြင်းအား ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆို ချက် - "ထာဝရဘုရား၏ ရှေ့တော်တွင် ဗာရှာ လုပ်သော အပြစ်အားလုံး" သို့မဟုတ် " ထာဝရဘုရားသည် မကောင်းသောအရာဟု ထင်စေရန် ဗာရှာလုပ်သော အရာအားလုံး" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])