my_2sa_tn_l3/01/17.txt

46 lines
4.8 KiB
Plaintext

[
{
"title": "ယေဘုယျ အချက်အလက်",
"body": "ဒါဝိဒ်သည် ရှောလုမင်းနှင့် ယောနသန်တို့သေဆုံးခြင်းကြောင့် ဝမ်းနည်းပူဆွေးသော သီချင်းကို ဆိုသည်။"
},
{
"title": "သင်စေသော လေး သီချင်းတည်း",
"body": "ဤသည်မှာ သီချင်း၏ အမည် ဖြစ်သည်။"
},
{
"title": "ယာရှာစာ၌ပါသော သီချင်းစကား ဟူမူကား",
"body": "ဤသည်မှာ သီချင်း၏နောက်ခံသမိုင်းကြောင်းကို ဖြည့်စွက်ဖော်ပြထားပြီး စာဖတ်သူအား နောင်တွင် ဤသီချင်းသည် မည်ကဲ့သို့ ဆက်ဖြစ်မည်ကို ဖော်ပြထားသည်။ (ရှု၊ writing_background)"
},
{
"title": "ယာရှာစာ",
"body": "\"ယာရှာ\" ဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ \"ဖြောင့်မတ်မှန်ကန်ခြင်း\" ဟူ၍ ဖြစ်သည်။\nအခြားသောဘာသာပြန်ဆိုချက်၊ \"ဖြောင့်မတ်မှန်ကန်သောစာ\" (ရှု၊ translate_names)"
},
{
"title": "အိုဣသရေလဂုဏ်အသရေ၊ ... သင်သည် အသေခံလေပြီ",
"body": "\"အို ... ဂုဏ်အသရေ\" သည် ရှောလုမင်း အား ရည်ညွှန်းသည်။ (ရှု၊ figs_metonymy)"
},
{
"title": "သူရဲတို့",
"body": "ဤစကားစုသည် \"ရှောလုမင်း\" နှင့် \"ယောနသန်\" တို့ နှစ်ဦးစလုံးကို ရည်ညွှန်းသည်။ ဒုတိယဝါကျကို ပြန်ဆိုရန် မလိုအပ်ပါ။ (ရှု၊ figs_metonymy and figs_nominaladj)"
},
{
"title": "လဲသေကြပြီတကား",
"body": "ဤတွင် \"လဲ\" ဟူသော စကားလုံးသည် \"သေခြင်း\" ကို ဖော်ညွှန်းသည်။\n(ရှု၊ figs_euphemism)"
},
{
"title": "ထိုသတင်းကို ဂါသမြို့၌မပြောကြနှင့်။ အာရှကေလုန်မြို့လမ်းတို့၌ မကြားမပြောကြနှင့်။",
"body": "ဤစာကြောင်း နှစ်ခုစလုံးသည် တစ်ခုတည်းကိုသာ ပြောခြင်း ဖြစ်ပြီး သီချင်းရှိ ကဗျာ သဖွယ် အစိတ်အပိုင်း အဖြစ် ထပ်မံဖော်ပြခြင်း သာ ဖြစ်သည်။\n(ရှု၊ figs_parallelism)"
},
{
"title": "ဂါသမြို့ ... အာရှကေလုန်မြို့",
"body": "ထိုမြို့ နှစ်ခု စလုံးသည် ဖိလိတ္တိပြည်၏ အဓိက မြို့ နှစ်မြို့ ဖြစ်သည်။ ဖိလိတ္တိပြည်သားတို့သည် ရှောလုမင်းနှင် ယောနသန် တို့အား သတ်ခဲ့ကြသည်။"
},
{
"title": "ဖိလိတ္တိအမျိုး သမီးတို့သည် ဝမ်းမြောက်၍ အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်ဟု စိုးရိမ် စရာရှိ၏။",
"body": "ဤစာကြောင်း နှစ်ခုစလုံးသည် တစ်ခုတည်းကိုသာ ပြောခြင်း ဖြစ်ပြီး သီချင်းရှိ ကဗျာ သဖွယ် အစိတ်အပိုင်း အဖြစ် ထပ်မံဖော်ပြခြင်း သာ ဖြစ်သည်။\n(ရှု၊ figs_parallelism)"
},
{
"title": "အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့",
"body": "ဤစကားစုသည် ယာဝေ ထာဝရဘုရားအား မကိုးကွယ်သောသူ (ဥပမာ - ဖိလိတ္တိပြည်သား) တို့ကို ရည်ညွှန်းသည်။ (ရှု၊ figs_metonymy)"
}
]