[ { "title": "ယေဘုယျ အချက်အလက်", "body": "ဒါဝိဒ်သည် ရှောလုမင်းနှင့် ယောနသန်တို့သေဆုံးခြင်းကြောင့် ဝမ်းနည်းပူဆွေးသော သီချင်းကို ဆိုသည်။" }, { "title": "သင်စေသော လေး သီချင်းတည်း", "body": "ဤသည်မှာ သီချင်း၏ အမည် ဖြစ်သည်။" }, { "title": "ယာရှာစာ၌ပါသော သီချင်းစကား ဟူမူကား", "body": "ဤသည်မှာ သီချင်း၏နောက်ခံသမိုင်းကြောင်းကို ဖြည့်စွက်ဖော်ပြထားပြီး စာဖတ်သူအား နောင်တွင် ဤသီချင်းသည် မည်ကဲ့သို့ ဆက်ဖြစ်မည်ကို ဖော်ပြထားသည်။ (ရှု၊ writing_background)" }, { "title": "ယာရှာစာ", "body": "\"ယာရှာ\" ဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ \"ဖြောင့်မတ်မှန်ကန်ခြင်း\" ဟူ၍ ဖြစ်သည်။\nအခြားသောဘာသာပြန်ဆိုချက်၊ \"ဖြောင့်မတ်မှန်ကန်သောစာ\" (ရှု၊ translate_names)" }, { "title": "အိုဣသရေလဂုဏ်အသရေ၊ ... သင်သည် အသေခံလေပြီ", "body": "\"အို ... ဂုဏ်အသရေ\" သည် ရှောလုမင်း အား ရည်ညွှန်းသည်။ (ရှု၊ figs_metonymy)" }, { "title": "သူရဲတို့", "body": "ဤစကားစုသည် \"ရှောလုမင်း\" နှင့် \"ယောနသန်\" တို့ နှစ်ဦးစလုံးကို ရည်ညွှန်းသည်။ ဒုတိယဝါကျကို ပြန်ဆိုရန် မလိုအပ်ပါ။ (ရှု၊ figs_metonymy and figs_nominaladj)" }, { "title": "လဲသေကြပြီတကား", "body": "ဤတွင် \"လဲ\" ဟူသော စကားလုံးသည် \"သေခြင်း\" ကို ဖော်ညွှန်းသည်။\n(ရှု၊ figs_euphemism)" }, { "title": "ထိုသတင်းကို ဂါသမြို့၌မပြောကြနှင့်။ အာရှကေလုန်မြို့လမ်းတို့၌ မကြားမပြောကြနှင့်။", "body": "ဤစာကြောင်း နှစ်ခုစလုံးသည် တစ်ခုတည်းကိုသာ ပြောခြင်း ဖြစ်ပြီး သီချင်းရှိ ကဗျာ သဖွယ် အစိတ်အပိုင်း အဖြစ် ထပ်မံဖော်ပြခြင်း သာ ဖြစ်သည်။\n(ရှု၊ figs_parallelism)" }, { "title": "ဂါသမြို့ ... အာရှကေလုန်မြို့", "body": "ထိုမြို့ နှစ်ခု စလုံးသည် ဖိလိတ္တိပြည်၏ အဓိက မြို့ နှစ်မြို့ ဖြစ်သည်။ ဖိလိတ္တိပြည်သားတို့သည် ရှောလုမင်းနှင် ယောနသန် တို့အား သတ်ခဲ့ကြသည်။" }, { "title": "ဖိလိတ္တိအမျိုး သမီးတို့သည် ဝမ်းမြောက်၍ အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်ဟု စိုးရိမ် စရာရှိ၏။", "body": "ဤစာကြောင်း နှစ်ခုစလုံးသည် တစ်ခုတည်းကိုသာ ပြောခြင်း ဖြစ်ပြီး သီချင်းရှိ ကဗျာ သဖွယ် အစိတ်အပိုင်း အဖြစ် ထပ်မံဖော်ပြခြင်း သာ ဖြစ်သည်။\n(ရှု၊ figs_parallelism)" }, { "title": "အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့", "body": "ဤစကားစုသည် ယာဝေ ထာဝရဘုရားအား မကိုးကွယ်သောသူ (ဥပမာ - ဖိလိတ္တိပြည်သား) တို့ကို ရည်ညွှန်းသည်။ (ရှု၊ figs_metonymy)" } ]