my_tw/bible/kt/hope.md

5.1 KiB

မျှော်လင့်ချက်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဤဝေါဟာရသည် တစုံတခုဖြစ်လာရန် ဆန္ဒပြင်းပြပြီး အမှန်တကယ်ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခြင်းကို ရည်ညွန်းသည်ကို ဆိုလိုပါသည်။

  • သမ္မာကျမ်းစာတွင် ကိုယ်တော်၌ မျှော်လင့်ပါ၏ဟူသောစကားလုံးအရ "မျှော်လင့်ခြင်း" သည် "စိတ်ချအားကိုးခြင်း" ကိုလည်း ဆိုလိုသည်။ ဘုရားသခင်က သူ၏လူမျိုးတော်အား ကတိတော်ရရန် သေချာသော မျှော်လင့်ခြင်းကိုလည်း ရည်ညွန်းသည်။
  • တစ်ခါတရံတွင် "မျှော်လင့်ခြင်း" ဟူသော ဝေါဟာရကို အထူးသဖြင့် ဓမ္မသစ်ကျမ်းတွင် ယေရှုကို မိမိ၏ ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံသူများအတွက် ဘုရားသခင်၏ ကတိတော်များကို ရရှိရန် စိတ်ချခြင်း အ‌ကြောင်းအရာများကို ဤဝေါဟာရကို စိတ်ချယုံကြည်မှုရှိခြင်းဟု အခြားကျမ်းစာ (ယူအယ်လ်ဘီ)က ပြန်ဆိုထားသည်။
  • "မျှော်လင့်စရာမရှိ" ဆိုသည်မှာ တစ်စုံတခုဖြစ်လာရန် မမျှော်မှန်းထားခြင်းကို ဆိုလိုသည်။
  • အမှန်တကယ်ဖြစ်လာတော့မည်မဟုတ်ကြောင်း ဆိုလိုပါသည်။

သာဘာပြန်အကြံပြုချက်များ

  • အချို့သောအကြောင်းအရာများ၌ "မျှော်လင့်သည်" ဟူသော ဝေါဟာရကို "ဆန္ဒပြုသည်" (သို့) "ဖြစ်ချင်သည်" (သို့) "မျှော်မှန်းသည်" ဟု ပြန်ဆိုနိုင်ပါသည်။
  • "ဘာမှ မျှော်လင့်စရာမရှိ" ဟူသော စကားကို "ဘာမှအားကိုးလို့မရ" (သို့) "ကောင်းတဲ့အရာ ဘာတစ်ခုမှ မျှော်မှန်းစရာမရှိ" ဟု ပြန်ဆိုနိုင်ပါသည်။
  • "မျှော်လင့်စရာမရှိ" ဟူသောစကားကို "ကောင်းတာတခုမှ မျှော်မှန်းစရာမရှိ" (သို့) "လုံခြုံမှုမရှိ" (သို့) "ကောင်းတာဘာတခုမှ ဖြစ်လာလိမ့်မည် မဟုတ်ကြောင်းသေချာသည်" ဟု ပြန်ဆိုနိုင်ပါသည်။
  • "မျှော်လင့်ချက်ထားပါ" ဟူသော စကားကို "စိတ်ချထားသည်" (သို့) "အားကိုးထားသည်" ဟု ပြန်ဆိုနိုင်ပါသည်။
  • "ကိုယ်တော်၏ နှုတ်ကပတ်တော်၌ ကျွန်ုပ်မျှော်လင့်ရာတွေ့ပြီ" ဟူသော စာသားကို "ကိုယ်တော်၏ နှုတ်ကပတ်တော်သည် စစ်မှန်ကြောင်း ကျွန်ုပ်စိတ်ချယုံကြည်ပါ၏" (သို့) "ကိုယ်တော်၏ နှုတ်ကပတ်တော်သည် ကိုယ်တော့်ကို ကျွန်ုပ်အားကိုးရန် မစတော်မူပါ၏" (သို့) "ကိုယ်တော်၏ စကားတော်ကို ကျွန်ုပ်နာခံသည့်အခါ ကျွန်ုပ်ကောင်းကြီးခံစားရကြောင်း သေချာပါ၏" ဟု ပြန်ဆိုနိုင်ပါသည်။
  • "ဘုရားသခင်၌ မျှော်လင့်ပါ၏" ဟူသော စာသားကို "ဘုရားသခင်ကို အားကိုးပါ" (သို့) "ဘုရားသခင်သည် ကတိထားသည့်အတိုင်း လုပ်ဆောင်မည်မှာ သေချာကြောင်းသိပါ" (သို့) "ဘုရားသခင် သစ္စာရှိတာ သေချာသည်" ဟု ပြန်ဆိုနိုင်ပါသည်။