my_tw/bible/kt/holyspirit.md

3.4 KiB

သန့်ရှင်းသော ဝိညာဥ်တော်၊ ဘုရားသခင်၏ ဝိညာဥ်တော်၊ ဝိညာဉ်ပကတိ၊ ဘုရားသခင်၏ ဝိညာဉဥ်တော်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဤဝေါဟာရများအားလုံးသည် "ဘုရားသခင်" ဖြစ်သော "သန့်ရှင်းသောဝိညာဥ်တော်" ကို ရည်ညွန်းသည်။ တစ်ဆူတည်းသော စစ်မှန်သော ဘုရားသခင်သည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဥ်တော်အဖြစ် ထာဝရတည်ရှိသည်။

  • သန့်ရှင်းသော ဝိညာဥ်တော်ကို "ထိုဝိညာဥ်တော်" နှင့် "ယာဝေဘုရား၏ ဝိညာဉ်တော်" နှင့် "သမ္မာတရား၏ဝိညာဉ်တော်" ဟုလည်း ရည်ညွန်းခေါ်ဆိုသည်။
  • သန့်ရှင်းသော ဝိညာဥ်တော်သည် ဘုရားဖြစ်သောကြောင့်သူသည် လုံးဝ ဉဿုံသန့်ရှင်းပြီး အနှိုင်းမဲ့ဖြူစင်သည် သူ၏ သဘာဝအဖြစ်တော်နှင့် သူလုပ်သမျှအရာအားလုံးသည် အကျင့်သိက္ခာနှင့် ပြည့်စုံသည်။
  • ခမည်းတော်၊ သားတော်တို့နှင့် အတူ သန့်ရှင်းသောဝိညာဥ်တော်သည် ကမ္ဘာကို ဖန်ဆင်းခြင်း၌ လှုပ်ရှာပါဝင်သည်။
  • ဘုရားသခင်၏ သားတော်ယေရှုကောင်းကင်သို့ ပြန်ကြွသွားသောအခါ ဘုရားသခင်က သူ၏လူတို့ကို ဦးဆောင်၊ သွန်သင်၊ နှစ်သိမ့်ရန်နှင့် ဘုရားသခင်အလိုတော်ကို ဆောင်နိုင်စွမ်းရှိရန် သန့်ရှင်းသောဝိညာဥ်တော်ကို စေလွှတ်ခဲ့သည်။
  • သန့်ရှင်းသောဝိညာဥ်တော်က ယေရှုကို လမ်းပြပို့ဆောင်ပြီး ယေရှုကို ယုံကြည်သောသူများကိုလည်း လမ်းပြပို့ဆောင်သည်။

ဘာသာပြန်အကြံပြုချက်များ

  • ဤဝေါဟာရကို ရိုးစင်းစွာဖြင့် "သန့်ရှင်းသော" နှင့် "ဝိညာဉ်တော်" ဟု ပြန်ဆိုနိုင်သည်။
  • ဤဝေါဟာရကို ပြန်ဆိုရာ၌ "သန့်စင်သောဝိညာဥ်တော်" (သို့) "သန့်ရှင်းသော ဝိညာဥ်တော်" (သို့) "ဝိညာဥ်တော်ဘုရား" ဟု ထည့်သွင်းပြန်ဆိုနိုင်သည်။