my_tw/bible/kt/good.md

3.2 KiB

ကောင်းသော၊ ကောင်းမြတ်ခြင်း၊

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ကောင်းသော" ဆိုသည့်စကားလုံးဟာ အခြေနေနဲ့ အချိန်အခါပေါ်မူတည်၍ အဓိပ္ပါယ် ကွဲပြားခြားနားသည်။

  • ယေဘုယျအားဖြင့် ဘုရားသခင်၏ သွင်ပြင်လက္ခဏာ၊ ရည်ရွယ်ချက်၊ အလိုတော်နှင့် အံ့ဝင်ခွင်ကျ ဖြစ်နေလျှင် အရာအားလုံးသည် ကောင်းမွန်၏။
  • ကျေးဇူးပြုခြင်း၊ ထူးမြတ်ခြင်း၊ အကူအညီဖြစ်ခြင်း၊ ကောင်းမွန်ခြင်း၊ အကျိုးဖြစ်ထွန်းခြင်း နှင့် ကိုယ်ကျင့်တရားကောင်းမွန်ခြင်း အစရှိသော အဓိပ္ပါယ်တို့သည် "ကောင်းသော" အရာများဟူ၍ ဖြစ်သည်။
  • မြေဩဇာကောင်းသောအရပ် (သို့) ဖြစ်ထွန်းသောအရပ်" ကို "ကောင်းသောမြေ" "ကောင်း၏" ဟူ၍ဖြစ်သည်။
  • ပေါများသောကောက်ပဲသီးနှံကို ကောင်းသောကောက်ပဲသီးနှံ ဟုခေါ်သည်။
  • ကောင်းသောလယ်သမားတစ်ဦးသည် သူ၏လုပ်ငန်းဆောင်တာအပေါ် ကျွမ်းကျင်မှုကို ထင်ရှားစေလျှင် သူသည် ကောင်းသောလယ်သမားဖြစ်သည်။
  • ကျမ်းစာထဲတွင် ယေဘုယျအားဖြင့် "ကောင်းသော" ဆိုသည့် စကားလုံးကို ''အပြစ်''ဆိုသည့်စကားလုံးနှင့်မကြာခဏယှဥ်တွဲထားသည်။
  • "ကောင်းမြတ်ခြင်"' ဆိုသည့်ဝေါဟာရကိုအများအားဖြင့် အပြင်နဲ့ လက်တွေ့တွင် ကိုယ်ကျင့်တရားကောင်းခြင်း ပင်ဖြစ်သည်။
  • ဘုရားသခင်၏ကောင်းမြတ်ခြင်းသည် လူတို့အား ဘုရားရှင်ပေးတော်မူသည့် ကောင်းကြီးများနှင့် အကျိုးရှိသောအရာများကို ရည်ညွှန်းပြောဆိုထားခြင်းဖြစ်သည်။ ၎င်းကို ဘုရားသခင်၏ပြည့်စုံသောအင်္ဂါရပ်များအဖြစ်လည်း ရည်ညွှန်းနိုင်သည်။