3.3 KiB
3.3 KiB
ဘုရားသခင်၊
အသုံးအနှုန်းများ၏အဓိပ္ပါယ်
သမ္မာကျမ်းစာထဲတွင် ''ဘုရားသခင်'' ဟူသောဝေါဟာရသည် ဘာမှမရှိသောအရာထဲမှ စကြာဝဠာကိုဖန်ဆင်းသူဟု ရည်ညွန်းထားသည်။ ဘုရားသခင်သည် အဖကဲ့သို့၎င်း၊ သားတော်ကဲ့သို့၎င်း၊ သန့်ရှင်းသောဝိညာဥ်ကဲ့သို့၎င်း၊ တည်ရှိသောဘုရားဖြစ်သည်။ ဘုရားသခင်၏အမည်နာမသည် "ယေဟောဝါ'' ဖြစ်သည်။
- ဘုရားသခင်သည် ဖန်ဆင်းခြင်းမတိုင်ခင်ကတည်းက အမြဲတမ်းတည်ရှိသောဘုရားဖြစ်သည်။ ဆက်လက်ပြီးတော့သူသည် အစဉ်အမြဲတည်ရှိပါလိမ့်မည်။
- သူသည်သာလျှင်စစ်မှန်သောဘုရားဖြစ်သဖြင့် ဤလောကတစ်ခုလုံးသာမက အရာခပ်သိမ်းကို အုပ်စီုးပိုင်ခွင့်အာဏာရှိသောဘုရားဖြစ်သည်။
- ဘုရားသခင်သည်ရာနှုန်းပြည့်မှန်ကန်သောသူ၊ ဥာဏ်ပညာနှင့်ပြည့်စုံသူ၊ သန့်ရှင်းသူ၊ အပြစ်ကင်းသူ၊ ဖြောင့်မတ်သူ၊ ဂရုဏာနှင့်ပြည့်စုံသောသူ၊ ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသောသူ ဖြစ်သည်။
- ဘုရားသခင်သည် ပဋိညာဉ်ပြုပေးသူဖြစ်သည်။ ကတိတော်ကိုပြည့်စုံစေသောသူလည်းဖြစ်သည်၊၊
- လူသားတွေကိုဖန်ဆင်းခဲ့ခြင်း၏အကြောင်းရင်းမှာ ဘုရားသခင်ကိုကိုးကွယ်ဖို့ ဖြစ်သည်။ အဲဒါကြောင့်ဘုရားသခင်ကိုကိုးကွယ်သင့်ရမည် ဖြစ်သည်။
- ဘုရားသခင်သည်သူ၏အမည်နာမကို ''ယေဟောဝါ''ဟုဖော်ပြခဲ့သည်။ အဓိပ္ပါယ်မှာ ''သူဖြစ်သည်'' သို့မဟုတ် ''ငါဖြစ်သည်" သို့မဟုတ် "တစ်ပါးတည်းတည်ရှိသည်၊" ဟူ၍ဖြစ်သည်။
- အသက်မဲ့သော ရုပ်ထုဆင်းတုတွေကို မှားယွင်းစွာကိုးကွယ်သောလူများကို သမ္မာကျမ်းစာက မှားယွင်းသော နတ်ဘုရားများဟုခေါ်သည်။