my_tw/bible/kt/glory.md

2.6 KiB

ဘုန်းတော်၊ ခမ်းနားကြီးကျယ်သော၊

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ယေဘုယျအားဖြင့် "ဘုန်းတော်" ဟူသော စကားလုံး၏ အဓိပ္ပါယ်သည် ရိုသေလေးမြတ်ခြင်း၊ ပြည့်စုံခြင်း နှင့် အလွန်ကြီးမြတ်ခြင်းဖြစ်သည်။ "ဘုန်းတော်" ဟူသော စကားလုံးသည် အချိန်တိုင်းတွင် "ခမ်းနားကြီးကျယ်ခြင်း" ဖြစ်သည်။

  • တစ်ခါတစ်ရံ၌ "ဘုန်းတော်" ဟူသော စကားလုံးသည် တစ်စုံတစ်ခု၏ ကြီးမားသောတန်ဖိုးနှင့် အရေးပါမှုကို ရည်ညွှန်းသည်။ အခြားသော အကြောင်းအရာများတွင် ထိုစကားလုံးကို ပြည့်စုံခြင်း၊ တောက်ပခြင်း နှင့် တရားမျှတခြင်းစသည်တို့ ဖြစ်သည်။
  • ဥပမာအားဖြင့် သိုးထိန်းကြီး၏ဂုဏ်ကို ဖော်ပြတဲ့အခါမှာ ယင်းတို့၏သိုးများကို စိမ်းလန်းသောကျက်စားရာအရပ်၌ စားသောက်စေခဲ့သည်။
  • အထူးသဖြင့် ဘုရားသခင်သည် စကြာဝဠာ၌ ရှိသောအရာမှန်သမျှထက် သာ၍ ကြီးမြတ်သည်ကို "ဘုန်းတော်"ဟူသော စကားလုံးဖြင့်သာ ဖော်ပြရသည်။ သူ၏သွင်ပြင်လက္ခဏာအလုံးစုံကို သူ၏ဘုန်းတော်နှင့် ပြည့်စုံခြင်းအားဖြင့်သာ ပေါ်လွင်စေသည်။
  • "ဘုန်းတော်ထင်ရှားစေခြင်းထဲ၌" ဟူသော စကားလုံးသည် တစ်စုံတစ်ခုထဲတွင် ဝင့်ကြွားစရာအကြောင်းဖြစ်ရန် (သို့) ဂုဏ်ကျက်သရေဆောင်စေရန် ဖြစ်ပေသည်။