my_tw/bible/kt/gift.md

2.3 KiB

လက်ဆောင် (ဆုကျေးဇူး)၊

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"လက်ဆောင်"ဟူသော စကားလုံးသည် လုံးလုံးလျားလျားပေးလိုက်ခြင်းဖြစ်သည်။ ထိုစကားလုံး လက်ဆောင်သည် တစ်စုံတစ်ခုသော အရာကို ပြန်ရမည်ဟူသော မျှော်လင့်ချက်မပါသော ပေးအပ်လိုက်ခြင်းမျိုး ဖြစ်သည်။

  • ငွေ၊ အစားအစာ၊ အဝတ်အစား သို့ အခြားတန်ဖိုးရှိသော အရာများကို မရှိ၍မတတ်နိုင်သော ချို့တဲ့သူများအား ပေးလိုက်ခြင်းမျိုးသည်လည်း "လက်ဆောင်များ" ပင်ဖြစ်သည်။
  • သမ္မာကျမ်းစာထဲတွင်လည်း ကိုယ်၌ပိုင်ဆိုင်ထားသောအရာ တစ်စုံတစ်ခုကို ဘုရားသခင်ထံ လှူဒါန်းလိုက်ခြင်း (သို့) ပေးအပ်လိုက် ခြင်းသည်လည်း လက်ဆောင်ပင် ဖြစ်သည်။
  • ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အား ပေးသနားတော်မူသော ကယ်တင်ခြင်းသည်လည်း ဘုရားသခင်၏ လက်ဆောင်ဖြစ်သည်။
  • ဓမ္မသစ်ကျမ်းစာ၌ဖော်ပြထားသော လက်ဆောင်ဟူသောစကားလုံးသည် ဝိညာဉ်ရေးရာစွမ်းရည်တစ်ခုဖြစ်၍ ခရစ်ယာန်များအနေဖြင့် ဘုရားသခင်ပေးထားသော ထိုလက်ဆောင် (သို့) ဆုကျေးဇူးများအားဖြင့် ပါဝင်ဆက်ကပ်ကြရန် ဖြစ်သည်။