my_tw/bible/kt/flesh.md

2.5 KiB

အသွေးအသား

အသုံးအနှုန်းများ၏အဓိပ္ပါယ်

သမ္မာကျမ်းစာထဲတွင် "အသွေးအသား" ဟူသော စကားလုံးကို လူနှင့် တိရစ္ဆာန်တို့၏ ကိုယ်ခန္ဓာထဲမှ နူးညံ့သောအသားစ ဟူ၍ရည်ညွန်းဖော်ပြသည်။

  • သမ္မာကျမ်းစာ၌ "အသွေးအသား"ဟူ၍အသုံးပြုသောအခါ လူသားများ (သို့) တိရစ္ဆာန်များကို တင်စာရာတွင် အသုံးပြုသည်။
  • ဓမ္မသစ်ကျမ်းစာထဲတွင် "အသွေးအသား" ဟူသော စကားလုံးကို လူသားများ၏ အပြစ်သဘောသဘာဝကို ရည်ညွန်းသည်။ တစ်နည်းအားဖြင့် နှိုင်းယှဉ်လျှင် သူတို့၏ဝိညာဉ်ရေးရာ သဘောသဘာဝကိုဖော်ပြသည်။
  • အချို့သောဖော်ပြချက်ထဲတွင် "ကိုယ်ပိုင်အသွေးအသား" ကို ဇီဝဗေဒနည်းအားဖြင့် တစ်စုံတစ်ယောက်သောသူနှင့် ဆက်နွယ်မှုရှိသည်ကိုဆိုလိုသည်။ ဥပမာ- မိဘများ၊ အမွှာများ၊ ကလေးများ (သို့) မြေးများ ဆက်နွယ်မှုကို ရည်ညွန်းသည်။
  • "အသွေးအသား" ကိုဖော်ပြလျှင် တစ်စုံတစ်ယောက်သောသူ၏ မျိုးရိုး၊ ဘိုးဘေးများမှ ဆင်းသက်လာသောသူကို ရည်ညွန်းသည်။
  • "တစ်လုံးတစ်ဝတည်းသောအသွေးအသား" ဆိုသည်မှာ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးတို့၏ လက်ထပ်ထိမ်းမြှားခြင်းတွင် ဖြစ်ပေါ်လာသော စည်းလုံးခြင်းကို ရည်ညွန်းခြင်းလည်းဖြစ်သည်။