my_tw/bible/kt/exhort.md

3.5 KiB

တိုက်တွန်းသွေးဆောင်သည်၊ တိုက်တွန်းသွေးဆောင်ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"တိုက်တွန်းသွေးဆောင်သည်" သည်မှန်ကန်သောအရာကိုပြုလုပ်ဖို့ တစ်စုံတစ်ယောက်ကို အားပေးခြင်းနှင့်တိုက်တွန်းခြင်း ဖြစ်သည်။ ထိုကဲ့သို့သော အားပေးခြင်းမျိုးကို တိုက်တွန်းသွေးဆောင်ခြင်း ဟုခေါ်သည်။

  • တိုက်တွန်းသွေးဆောင်ခြင်း၏ရည်ရွယ်ချက်မှာ အပြစ်ကိုရှောင်ဖို့နှင့် ဘုရားသခင်အလိုတော်ကို လိုက်လျှောက်ဖို့ သွေးဆောင်ဖျားယောင်းခြင်း ဖြစ်သည်။
  • သမ္မာသစ်ကျမ်းစာက အချင်းချင်း ကြမ်းတမ်းစွာမဟုတ်ဘဲ ချစ်ခြင်းမေတ္တာ၌တိုက်တွန်းသွေးဆောင်ဖို့ ယုံကြည်သူများကိုသင်ပေးထားသည်။

ဘာသာပြန်အကြံပြုချက်များ

  • နောက်ခံအကြောင်းအရာပေါ်မူတည်၍ တိုက်တွန်းသွေးဆောင်ခြင်း ကို စိတ်အားထက်သန်စွာတိုက်တွန်းသည်၊ ဖျားယောင်းသည် သို့မဟုတ် အကြံပေးသည် ဟုလည်းဘာသာပြန်နိုင်သည်။
  • ဒီစကားလုံးကို ဘာသာပြန်သည့်အခါတွင် တိုက်တွန်းသွေးဆောင်သောသူသည် စိတ်ဆိုးသည့်အဓိပ္ပါယ်မပေါက်အောင်သိပြုရမည်ဖြစ်သည်။ အားအင်နှင့် အလေးအနက်ထားခြင်း သာရှိသင့်သည်၊ စိတ်ဆိုးသည့် သဘောမရည်ညွှန်းစေရ။
  • အခြေအနေတော်တော်များများတွင် တိုက်တွန်းသွေးဆောင်ခြင်း ကို စိတ်အားတက်စေခြင်း၊ စိတ်ပြန်လည်အားပေးခြင်း သို့မဟုတ် တစ်ယောက်ယောက်ကို နှိမ့်သိမ့်ခြင်း စသည် အားပေးခြင်း နှင့်မတူအောင်ပြန်ဖို့လိုသည်။
  • အများအားဖြင့် ဤစကားလုံးကို သတိပေးခြင်း သို့မဟုတ် မှားယွင်းသောအပြုအမူအတွက် တစ်စုံတစ်ယောက်ကို ပဲ့ပြင်ခြင်းစသည် ဆုံးမခြင်း နှင့်လည်းမတူအောင် ဘာသာပြန်ဖို့လိုသည်။