my_tw/bible/kt/eternity.md

3.2 KiB

ထာဝရ၊ နိစ္စ၊ ထာဝရကာလ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ထာဝရ" နှင့် "နိစ္စ"ဟူသည်မှာ အဓိပ္ပါယ် တူကြပြီး၊ အမြဲတမ်းတည်ရှိသောအရာ သို့မဟုတ် အမြဲတမ်းတာရှည်ခံမည့်အရာ ကိုရည်ညွှန်းသည်။

  • "နိစ္စ" သည် အစမရှိ အဆုံးမရှိခြင်းကိုဆိုလိုသည်။ အဆုံးမရှိသော ဘဝဟုလည်းအဓိပ္ပါယ်ရှိနိုင်သည်။
  • ယခုဘဝပြီးလျှင် လူသားအားလုံးသည် ကောင်းကင်တွင် ဘုရားသခင်နှင့်အတူ သို့မဟုတ် ဘုရားသခင်နှင့်ကင်းကွာလျက် ငရဲတွင် ထာဝရကာလ ကိုစံစားရမည်ဖြစ်သည်။
  • ဓမ္မသစ်ကျမ်းစာတွင် ကောင်းကင်နိုင်ငံတွင်ဘုရားခင်နှင့်အတူ အထာဝရနေရခြင်းကို ထာဝရဘဝ နှင့် နိစ္စဘဝ ဟု သုံးနှုန်းထားသည်။
  • "ထာဝရ နှင့် အစဥ်ထာဝရ" ဟူသော စကားစုသည် အဆုံးမရှိသောအချိန်ကာလတစ်ခုကိုရည်ညွှန်းပြီး ထာဝရကာလ ၏ပုံရိပ်ကိုလည်းဖော်ပြထားသည်။

ဘာသာပြန်အကြံပြုချက်များ

  • "အနိစ္စ သို့မဟုတ် ထာဝရ" ကို "အဆုံးမဲ့၊ ရပ်နားခြင်းမရှိသော၊ အမြဲတမ်းဆက်လက်ဖြစ်ပျက်သော" ဟုလည်းပြန်နိုင်သည်။
  • ထာဝရဘဝ နှင့် နိစ္စဘဝ ကိုလည်း အဆုံးမရှိသောဘဝ၊ မရပ်မနားဘဲဆက်လက်သွားနေသောဘဝ သို့မဟုတ် ထာဝရရှင်သန်ဖို့ ကျွန်ုပ်တို့ ခန္ဓာကိုယ်များကို ထမြောက်စေခြင်း ဟုလည်းပြန်နိုင်သည်။
  • နောက်ခံအကြောင်းအရာပေါ်မူတည်၍ "ထာဝရကာလ" ကို "အချိန်ကာလ၏အပြင်ဘက်တွင်ရှိသော၊ "မဆုံးနိုင်သောဘဝ" သို့မဟုတ် "ကောင်းကင်သားဘဝ" ဟုလည်းပြန်ဆိုနိုင်သည်။
  • ဒေသန္တရ နှင့် နိုင်ငံ့ဘာသာစကားများတွင် ဤစကားလုံးကို ဘယ်လိုပြန်ထားသည်ကိုလည်း ထည့်စဉ်းစားပါ။