my_tw/bible/kt/demon.md

3.1 KiB

နတ်ဆိုး၊ ဝိညာဥ်ဆိုး၊မိတ္ဆာ။

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဤစကားလုံးသည် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်သော "နတ်ဆိုး" ကို ခေါ်ဆိုခြင်း ဖြစ်သည်။

  • ဘုရားသခင်သည် သူ့ကို အစေခံရန် ကောင်းကင်တမန်များ ဖန်ဆင်း သည်။ စာတန်မာနတ်သည် ဘုရားသခင်ကို ပုန်ကန်သည့်အချိန်တွင် ကောင်းကင်တမန် တစ်ချို့ဝင်ပါသည့်အတွက် ကောင်းကင် ဘုံ မှ မောင်းထုတ်ခြင်း ခံရသည်။ ထို့အတွက် နတ်ဆိုးများ သည် ကျဆုံးသွားသော ကောင်းကင် တမန်များဟု ယုံကြည် ကြသည်။
  • တစ်ခါတစ်လေ နတ်ဆိုးများကို ဝိညာဥ်ဆိုးများဟု ခေါ်ဝေါတတ်ကြသည်။ "ညစ်ပေသော၊" "ဆိုးဝါးသော၊" "မသန့်သော" ဟူသည့် အဓိပ္ပါယ် ရသည်။
  • နတ်ဆိုးများသည် မကောင်းမှုမှန်သမျှကို လုပ်ဆောင် သည်။ တစ်ခါတစ်ရံလူတို့၏အထဲ၌ဝင်ရောက်၍ ထိန်းချုပ်တတ်သည်။
  • နတ်ဆိုးများသည် လူသားတို့ထက် ပိုမိုတန်ခိုးကြီးပြီး၊ ဘုရားသခင် ထက်တန်ခိုး ပိုမိုနိမ့်ကျ သည်။

ဘာသာပြန် အကြံပြုချက်။

  • "နတ်ဆိုး" ကို တစ်ခါတစ်ရံ "ဝိညာဥ်ဆိုး"ဟု ခေါ်ကြသည်။
  • "ဝိညာဥ်ဆိုး၊"ကို တစ်ခါတစ်ရံ "ညစ်ပတ်သောဝိညာဥ်၊" သို့ "မစင်ကြယ်သောဝိညဥ်၊" ဟု ဘာသာပြန်လို့ရပါသည်။
  • စကားလုံးကို ဘာသာပြန်ရာတွင် နတ်ဆိုးကို တိုက်ရိုက်ညွန်ပြချင် တာထက် စာပိုက်၏အနှစ်သာရကို ပိုမို ပေါ်လွင်အောင် ရေးသားနိင်ဖို့သတိပြုသင့် ပါသည်။
  • ဒေသသုံး ဘာသာစကားတွင် နတ်ဆိုးကို ဘယ်လိုသုံးစွဲသုံးနူန်းထားတယ် ဆိုတာကိုလဲ ထည့်သွင်း စဥ်းစားဖို့ လိုသည်။