my_tw/bible/kt/cross.md

2.3 KiB

ကားတိုင်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ကျမ်းစာထဲတွင် ကားတိုင်ဆိုသည်မှာ မြေပြင်တွင်ဒေါင်လိုက်စိုက်ထားပြီး ကန့်လန့်ဖြတ်သစ်သားတန်းပါရှိသော အရာဖြစ်သည်။

  • ရောမခေတ်တွင် တရားခံများကို ကားတိုင်ပေါ်တွင် သံဖြင့်ရိုက်တင်ထားပြီး သေသည်အထိပစ်ထားခြင်းဖြစ်သည်။
  • ယေရှုသည် မိမိမလုပ်သောအရာများအတွက် မှားယွင်းစွပ်စွဲခံရပြီး ကားတိုင်ပေါ်တွင် အသေသတ်ခြင်းခံခဲ့ရသည်။
  • ကြိယာ စကားလုံး ဖြတ်သည် ဟူသောစကားနှင့်လုံးဝမတူညီကြောင်း သိထားရန်လိုသည်။ ဖြတ်သည် ဟူသောစကားလုံးမှာ တစ်ဖက်သို့ဖြတ်ကူးခြင်း၊ ရေကန်၊ မြစ်စသည်တို့ကိုဖြတ်ကူးသွားခြင်းဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • ပြန်ဆိုလိုသည့်ဘာသာစကားတွင် ကန့်လန့်ဖြတ်ပုံစံရှိသောအရာအဖြစ် ဘာသာပြန်ဆိုရမည်ဖြစ်သည်။
  • ကားတိုင်သည် လူကိုသတ်သည့်နေရာ၊ လူသတ်တိုင်၊ လူသေသောအပင် ဟုဘာသာပြန်ဆိုနိုင်သည်။
  • ဒေသတွင်းဘာသာစကား၊ နိုင်ငံသုံးစကားတွင် ကားတိုင်ကိုမည်ကဲ့သို့ အသုံးပြုဖော်ပြကြောင်း သိအောင်လုပ်ဆောင်ရန်လိုအပ်သည်။