my_tw/bible/kt/brother.md

4.2 KiB

ညီအစ်ကို

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ညီအစ်ကို ဆိုသည်မှာမိဘတစ်ဦးဦးအားဖြင့် သွေးသားတော်စပ်သော ယောကျာ်းနှစ်ဦးဖြစ်သည်။

  • ဓမ္မဟောင်းကျမ်းတွင် ညီအစ်ကိုဆိုသည်မှာ ယေဘုယျအားဖြင့် တူညီသောမျိုးနွယ်၊ လူစု ထဲမှဖြစ်သောလူများကိုဆိုလိုပါသည်။
  • ဓမ္မသစ်ကျမ်းတွင် တမန်တော်ပေါလုက ခရစ်တော်၌ယုံကြည်သော ယောကျာ်း၊ မိန်းမ များကို ညီအစ်ကို ဟူသောအသုံးအနှုန်းဖြင့် ခေါ်ဆိုလေ့ရှိသည်။ ထိုသူတို့သည် ကောင်းကင်ရှင်အဖဘုရား၏ မိသားစုဝင်များပင်ဖြစ်ကြသည်။
  • တမန်တော်ပေါလုက ညီအစ်မများ ဟုသုံးနှုန်းသော အသုံးအနှုန်းကိုလည်း တစ်ခါတစ်ရံတွေ့နိုင်ပါသည်။ ဥပမာ- ရှင်ယုဒက စားစရာနှင့်အဝတ်အထည်လိုအပ်သော ညီအစ်ကို၊ ညီအစ်မများကို ရည်ညွှန်းပြီး ယုံကြည်သူအားလုံးကိုပြောဆိုခဲ့ပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • သွေးသားတော်စပ်သော ညီအစ်ကို၊ သွေးသားမတော်စပ်သောညီအစ်ကို စသည်ဖြင့် မရောထွေးစေရန် အခြားစကားလုံးကိုအသုံးပြုသင့်သည်။ သို့သော် အဓိပ္ပါယ်ရောထွေးခြင်းမရှိပါက အသုံးပြုနိုင်ပါသည်။
  • ဓမ္မဟောင်းတွင် ညီအစ်ကို ဟုဆိုရာ၌ မျိုးနွယ်တူသောလူအုပ်စုကို ရည်ညွှန်းပါသည်။ ထိုကြောင့် ဘာသာပြန်ရာတွင် ဆွေးမျိုး၊ မျိုးနွယ်ဝင်၊ ဣသရေလလူမျိုး ဟုထည့်သွင်းသင့်ပါသည်။
  • ခရစ်တော်၌နောက်လိုက်ဖြစ်ခြင်းကို ရည်ညွှန်းရာတွင် ဤစကားကို ခရစ်တော်၌ညီအစ်ကို၊ ဝိညာဉ်ရေးညီအစ်ကို ဟုပြန်ဆိုသင့်သည်။
  • ရည်ညွှန်းသောလူစုတွင် အမျိုးသမီးများပါဝင်ပါက ညီအစ်ကို ဟူသောစကားလုံးသည် အဓိပ္ပါယ်မပြည့်စုံပေ။ ထို့ကြောင့် ယောကျာ်း၊ မိန်းမ ပါဝင်သောယေဘုယျ စကားလုံးကို အသုံးပြုသင့်သည်။
  • အမျိုးသား၊ အမျိုးသမီးပါဝင်သောအသုံးအနှုန်းမှာ နောက်လိုက်ယုံကြည်သူများ၊ ခရစ်ယာန်ညီအစ်ကိုမောင်နှမများ ဟုအသုံးပြုနိုင်သည်။
  • ယောကျာ်းကိုရည်ညွှန်းခြင်းလား၊ ယောကျာ်းမိန်းမ(၂) မျိုးလုံးကို ရည်ညွှန်းခြင်းလား ဆိုသည်ကို သတိထားပြီး ဘာသာပြန်ဆိုသင့်ပါသည်။