my_tw/bible/kt/bornagain.md

3.5 KiB

အသစ်တဖန်မွေးခြင်း၊ ဘုရား၌မွေးဖွားခြင်း၊ အသစ်သောမွေးခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဤ "အသစ်တဖန်မွေးခြင်း" စကားလုံးကို ယေရှုအရင်သုံးခဲ့သည်။ ဘုရားက ဝိညာဉ်အားဖြင့်သေသူကို ဝိညာဉ်အားဖြင့်ပြန်လည်ရှင်သန်စေသည်ဟုဆိုခြင်းဖြစ်သည်။ ဘုရား၌မွေးခြင်း၊ ဝိညာဉ်တော်၌မွေးခြင်းသည် ဝိညာဉ်ရေးအသက်တာအသစ် ရသောသူကိုဆိုလိုပါသည်။

  • လူအားလုံးသည် မွေးဖွားစဉ်က ဝိညာဉ်အသေဖြစ်ပြီး ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ်ယုံကြည်ချိန်တွင် အသစ်သောမွေးဖွားခြင်းကိုရရှိသည်။
  • ဝိညာဉ်ရေးအသစ်မွေးဖွားခြင်းတွင် ဘုရား၏ဝိညာဉ်တော်က ယုံကြည်သူထံတွင်အသက်ရှင်နေပြီး ဝိညာဉ်အသီးများသီးစေရန် ခွန်အားပေးလျက်ရှိသည်။
  • လူတစ်ယောက် အသက်တာအသစ်ဖြစ်လာရန်၊ ဘုရား၏သားသမီးဖြစ်လာစေရန်မှာ ဘုရားသခင်ပြုလုပ်ပေးမှသာဖြစ်နိုင်သည်။

ဘာသာပြန်အကြံပြုချက်များ

  • အသစ်တဖန်မွေးခြင်း ကို အသစ်မွေးဖွားခြင်း၊ ဝိညာဉ်ရေးရာမွေးဖွားခြင်း ဟုပြန်ဆိုနိုင်သည်။
  • ဘာသာပြန်ဆိုမည့် ဘာသာစကားနှင့်လျော်ညီစွာ မွေးဖွားခံခြင်း ဟုပြန်ဆိုသင့်သည်။
  • အသစ်မွေးဖွားခြင်းကို ဝိညာဉ်ရေးမွေးဖွားခြင်း ဟုပြန်ဆိုသင့်သည်။
  • ဘုရား၌မွေးဖွားခြင်း ကို ဘုရားကြောင့် ကလေးငယ်ကဲ့သို့အသက်တာအသစ်ရှိခြင်း၊ ဘုရားပေးသောအသက်တာအသစ် ဟုပြန်ဆိုနိုင်သည်။
  • ထို့အတူ ဝိညာဉ်၌မွေးခြင်း ဆိုသောအသုံးအနှုန်းသည်လည်း သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အသက်တာသစ်ရှိခြင်း၊ ဝိညာဉ်တော်ခွန်အားဖြင့် ဘုရားသားသမီးဖြစ်လာခြင်း၊ ဝိညာဉ်တော်အားဖြင့် ကလေးငယ်ကဲ့သို့အသက်တာအသစ်ဖြစ်ခြင်း ဖြစ်သည်။