my_tw/bible/kt/blood.md

2.8 KiB

သွေး

အသုံးအနှုန်းများ၏အဓိပ္ပါယ်

သွေးဆိုသည်မှာ လူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာ၊ အနာ မှထွက်လာသော အနီရောင်အရည်ဖြစ်သည်။ သွေးသည် လူ့ခန္ဓာကိုယ်တစ်ခုလုံးအတွက် အသက်တမျှအရေးပါသည်။

  • သွေးသည် အသက်ကိုကိုယ်စားပြုသည်။ သွေးသွန်းခြင်းသည် အသက်ဆုံးရှုံးခြင်း၊ သေဆုံးခြင်းကို ကိုယ်စားပြုပါသည်။
  • ဘုရားသခင်ထံယဇ်ပူဇော်ရာတွင် တိရစ္ဆာန်ကိုသတ်ပြီး အသွေးကိုယဇ်ပလ္လင်ပေါ်တွင် သွန်းလောင်းကြသည်။ တိရစ္ဆာန်အသက်သွန်းခြင်းသည် လူ၏အပြစ်ကို ဖြေခြင်းပင်ဖြစ်ပါသည်။
  • ကားတိုင်ပေါ်တွင် ယေရှုအသေခံခြင်းသည် လူတို့၏အပြစ်ကိုဖြေခြင်း၊ သန့်ရှင်းစေခြင်းအားဖြင့် စီရင်မခံရတော့ခြင်းကို ကိုယ်စားပြုပါသည်။
  • အသွေးနှင့်အသား သည် လူသားကိုရည်ညွှန်းခြင်းဖြစ်ပါသည်။
  • "မိမိ၏အသွေးအသား" ဆိုသည်မှာ ကိုယ်ကာယနှင့်စပ်ဆိုင်ခြင်းဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • ရည်ညွှန်းဘာသာနှင့် သက်ဆိုင်သော သွေးဟူသော အသုံးအနှုန်းများကိုအသုံးပြုသင့်ပါသည်။
  • "အသွေးနှင့် အသား" ကို လူ ဟု ဘာသာပြန်ဆိုနိုင်သည်။
  • ငါ့အသွေးအသား ဟူသောစကားကို အကြောင်းအရာပေါ်မူတည်ပြီး ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့လူမျိုးဟု ဘာသာပြန်ဆိုနိုင်သည်။
  • မိမိဘာသာပြန်မည့်ဘာသာစကားတွင် အသွေးအသား ဟူသောစကားရှိပါက ထိုစကားကိုအသုံးပြုသင့်သည်။