my_tw/bible/kt/anoint.md

4.2 KiB

ဘိသိက်ခြင်း၊ ရွေးချယ်ထားသော

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဘိသိက်ဆိုသောစကားမှာ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို ဆီဖြင့်လိမ်းသပ်ခြင်းဖြစ်သည်။ ထိုဆီကို အမွှေးနံ့သာရောထားလေ့ရှိသည်။ ဤစကားသည် သန့်ရှင်းသောဝိညာဉ်တော်က တစ်စုံတစ်ယောက်ကိုရွေးချယ်တင်မြှောက်ခြင်းကိုလည်း ရည်ညွှန်းပါသည်။

  • ဓမ္မဟောင်းကာလတွင် ယဇ်ပုရောဟိတ်၊ ဘုရင်၊ ပရောဖက် တို့ကိုဆီဖြင့်လိမ်းသပ်ပြီး ဘုရားအမှုတော်ထမ်းဆောင်ရန်ရွေးချယ်ခဲ့ကြသည်။
  • ဘုရားသခင်ကို ကိုးကွယ်ရန်၊ ဘုရားဘုန်းတော်ထင်ရှားစေရန် ယဇ်ပလ္လင်၊ တဲတော် စသည်တို့ကိုဆီဖြင့်ဘိသိက်ပေးခဲ့ကြသည်။
  • ဓမ္မသစ်ကာလတွင် ဖျားနာသူများပျောက်ကင်းရန် ဆီလိမ်းဘိသိက်ပေးခဲ့ကြသည်။
  • ဓမ္မသစ်ကျမ်းတွင်အမျိုးသမီးတစ်ဦးက ကိုးကွယ်သည့်ပုံစံဖြင့် ယေရှုကို ဆီမွှေးဖြင့်ဘိသိက်ခဲ့ကြောင်း (၂) ကြိမ်တိုင်မှတ်တမ်းတင်ထားသည်။ ထိုသို့ ဘိသိက်ပေးခြင်းကို ယေရှုက နှောင်တွင်သူ၏အလောင်းကိုထိုကဲ့သို့ပြင်ဆင်မည်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့လေသည်။
  • ယေရှုသေဆုံးပြီးနောက် မိတ်ဆွေများကယေရှုအလောင်းကို အမွှေးနံ့သာ၊ ဆီမွှေးဖြင့်ပြင်ဆင်ပေးခဲ့ကြသည်။
  • မေရှိယ (ဟေဗြဲ)နှင့် ခရစ်တော်(ဂရိ) ၏အဓိပ္ပာယ်မှာ ဘိသိက်ရွေးချယ်ခံရသူဖြစ်သည်။
  • ယေရှုဟူသော မေရှိယသည် ပရောဖက်၊ ယဇ်ပုရောဟိတ်မင်း၊ ဘုရင်အဖြစ် ဘိသိက်ပေးခြင်းခံရသူဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • ရေခံမြေခံကိုမူတည်ပြီး ဘိသက်ပေးခြင်းကို ဆီဖြင့်လောင်းခြင်း၊ ဆီလိမ်းခြင်း၊ ဆီမွှေးလောင်းပြီးဆက်ကပ်ခြင်း ဟုပြန်ဆိုနိုင်သည်။
  • ဘိသိက်ပေးခံရခြင်းကို ဆီဖြင့်ဆက်ကပ်ထားခြင်း၊ ရွေးချယ်ထားခြင်း၊ ဆက်ကပ်ထားခြင်းဟု ပြန်ဆိုနိုင်သည်။
  • အချို့အခြေအနေတွင် ဘိသက်ခြင်းကို ချိန်းဆိုထားခြင်းဟုလည်း ပြန်ဆိုနိုင်သည်။
  • "ဆီလိမ်းထားသော ပုရောဟိတ်" ဟူသောစကားကို ဆီလိမ်းပြီးခွဲခန့်ထားသောပုရောဟိတ်၊ ဆီလောင်းပြီးခန့်ထားသောပုရောဟိတ် ဟုပြန်ဆိုနိုင်သည်။