my_tw/bible/kt/angel.md

4.5 KiB

ကောင်းကင်တမန်၊ ကောင်းကင်တမန်မင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ကောင်းကင်တမန်ဆိုသည်မှာ ဘုရားဖန်ဆင်းထားသော တန်ခိုးရှိဝိညာဉ်ဖြစ်သည်။ ဘုရားပြောသမျှလုပ်ဆောင်ဖို့ရန် ကောင်းကင်တမန်များရှိနေခြင်းဖြစ်သည်။ ကောင်းကင်တမန်မင်းဆိုသည်မှာ အခြားကောင်းကင်တမန်များကို အုပ်ချုပ်သောသူဖြစ်သည်။

  • ကောင်းကင်တမန်၏အဓိပ္ပာယ်မှာ သတင်းယူဆောင်ပေးသူဖြစ်သည်။
  • ကောင်းကင်တမန်မင်း ဆိုသည်မှာလည်း သတင်းယူဆောင်ပေးသောခေါင်းဆောင် ဖြစ်သည်။ ကျမ်းစာထဲတွင် ကောင်းကင်တန်မင်းဆိုသည်မှာ မိခေလ ကိုဆိုလိုခြင်းဖြစ်သည်။
  • ကျမ်းစာထဲတွင် ကောင်းကင်တမန်များက ဘုရားဆီမှသတင်းများကို လူသားများထံပေးပို့ပါသည်။ ထိုသတင်းများမှာ ဘုရားသခင်က လုပ်ဆောင်စေချင်သောသတင်းစကားများဖြစ်သည်။
  • ယခုဖြစ်နေသောအရာများ၊ နောင်တွင်ဖြစ်လာမည့်အရာများကို ကောင်းကင်တမန်များက ပြောကြားပေးရသည်။
  • ကောင်းကင်တမန်များသည် ဘုရားကိုကိုယ်စားပြုသောကြောင့် တစ်ခါတစ်ရံ ကျမ်းစာထဲတွင် ဘုရားသခင်ကိုယ်တော်တိုင်စကားပြောသည်ဟု ရေးသားကြသည်။
  • ကောင်းကင်တမန်များသည် လူသားများကို ကာကွယ်ခြင်း၊ ခွန်အားရှိစေခြင်းအားဖြင့်လည်း ဘုရားအမှုတော်ကိုဆောင်ရွက်ကြသည်။
  • ဘုရားသခင်၏ကောင်းကင်တမန် ဆိုသောစကားတွင် အဓိပ္ပာယ်များစွာရှိသည်။ (၁) ဘုရားကိုကိုယ်စားပြုခြင်း၊ ဘုရား၏အမှုဆောင်သောကောင်းကင်တမန်။ (၂) ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ခြင်း၊ ကောင်းကင်တမန်က ငါ ဟူသောစကားကိုပြောခြင်းဖြင့်သိနိုင်သည်။

ဘာသာပြန်အကြံပြုချက်များ

  • ကောင်းကင်တမန်ဟုဘာသာပြန်ရာတွင် ဘုရား၏သတင်းသယ်ဆောင်သူ၊ ကောင်းကင်အစေခံ၊ ဘုရား၏ဝိညာဉ်တော်ဟူ၍ဖြစ်သည်။
  • ကောင်းကင်တမန်မင်းကို ကောင်းကင်တမန်ဗိုလ်၊ ကောင်းကင်တမန်ခေါင်းဆောင် ဟူ၍ဘာသာပြန်ဆိုနိုင်သည်။
  • ဒေသအခေါ်အဝေါ်ကိုလိုက်ပြီး ဘာသာပြန်ဆိုသင့်သည်။
  • ဘုရား၏ကောင်းကင်တမန် ဟူသောစကားလုံးကို ဘုရားထံမှလာသောကောင်းကင်တမန်၊ ဘုရားစေလွှတ်သော ကောင်းကင်တမန်၊ ကောင်းကင်တမန်နှင့်တူသော ဘုရားသခင် ဟူ၍ပြန်ဆိုနိုင်သည်။