my_tw/bible/kt/abomination.md

3.6 KiB

စက်ဆုပ်ရွံရှာဖွယ်ကောင်းခြင်း၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော

အသုံးအနှုန်းများ၏အဓိပ္ပါယ်

စက်ဆုပ်ရွံရှာဖွယ်ကောင်းခြင်း ဆိုသောဝေါဟာရသည် မနှစ်မြို့ဖွယ်ဖြစ်ခြင်း၊ သို့မဟုတ် အလွန်အမင်းသဘောမကျခြင်း စသည်ကိုဆိုလိုခြင်းဖြစ်သည်။

  • အီဂျစ်လူမျိုးများသည် ဟေဗြဲလူများကို စက်ဆုပ်ရွံရှာဖွယ် အဖြစ်မှတ်ယူကြသည်။ ဟေဗြဲလူမျိုးများကို မနှစ်မြို့ဘဲ သူတို့နှင့်လည်း ထိတွေ့ဆက်ဆံလိုခြင်းမရှိချေ။
  • သမ္မာကျမ်းစာ၌ ဘုရားသခင်စက်ဆုပ်ရွံရှာသောအရာ ဟုဆိုရာ၌ လိမ်ညာခြင်း၊မာနကြီးခြင်း၊လူသားဖြင့်ယဇ်ပူဇော်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊လူ့အသက်သတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းနှင့် လိင်တူဆက်ဆံခြင်းကဲ့သို့သော လိင်မှုဆိုင်ရာအပြစ်များပါဝင်ပါသည်။
  • နောက်ဆုံးသောကာလအကြောင်း တပည့်တော်များကိုသင်ကြားပေးရာတွင် ယေရှုက ပရောဖက် ဒံယေလ၏ ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာ ဆိုသည်မှာ ဘုရားကိုဆန့်ကျင်ပြီး ဘုရားသခင်နေရာသို့ရောက်ရှိလာမည်ဟူပြီး ရည်ညွှန်းပြောဆိုခဲ့သည်။

ဘာသာပြန်အကြံပြုချက်များ

  • "စက်ဆုပ်ရွံရှာဖွယ်ကောင်းခြင်း" ဆိုသောစကားလုံးကို "ဘုရားသခင်မုန်းသောအရာ၊ ရွံရှာဖွယ်ရာ၊ ရွံရှာဖွယ်အကျင့်၊ ဆိုးရွားသောအမူအကျင့်" ဟူ၍ ဘာသာပြန်ဆိုနိုင်သည်။
  • အခြေအနေပေါ်မူတည်၍ "အလွန်မုန်းတီးဖွယ်ရာ၊ ရွံရှာဖွယ်ကောင်းသော၊ လုံးဝလက်မခံနိုင်စရာ၊ အလွန်ရွံရှာဖွယ်ရာ" ဟူ၍ဘာသာပြန်ဆိုသင့်သည်။
  • "ပျက်စီးယိုယွင်းခြင်းကိုဆန့်ကျင်ခြင်း" ဟူသောစကားစုကို "လူသားများအတွက်ဘေးဖြစ်စေသောအရာကို ဟန့်တားခြင်း၊ ကြီးမားသောဆုံးရှုံးမှုဖြစ်လာခြင်းကို မနှစ်မြို့ခြင်း" ဟူ၍ဘာသာပြန်ဆိုသင့်သည်။