my_tw/bible/other/tradition.md

3.1 KiB

ဓလေ့ထုံးစံ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ဓလေ့ထုံးစံ" သည် ရိုးရာဓလေ့များကို အချိန်ကြာရှည်စွာ ထိန်းသိမ်းထားခြင်းနှင့် ၎င်းကို နောင်လာမည့် မျိုးဆက်များကလည်း ဆက်လက် ထိန်းသိမ်းခြင်းဖြစ်သည်။

  • ကျမ်းစာထဲတွင် "ဓလေ့ထုံးစံ" ကို ဘုရားပညတ်ထားသော အရာများ မဟုတ်ဘဲ သူတို့၏ လက်တွေ့ဘဝနှင့် သင်ကြားပေးမှုများအဖြစ် တခါတရံ၌ ရည်ညွှန်းထားသည်။ " လူတို့၏ ဓလေ့ထုံးစံ" ကို ရှင်းလင်းစွာ ဖော်ပြထားသည်။
  • "ဘိုးဘွားများရဲ့ ဓလေ့ထုံးစံ" သည် အထူးသဖြင့် ဂျူးလူမျိုးများ၏ ဓလေ့ရိုးရာကို ရည်ညွှန်းထားပြီ မောရှေအားဖြင့် ဣသရေလလူမျိုးများအတွက် ဘုရားသခင် ပေးခဲ့သော ပညတ်ချက်များကိုလည်း ထပ်ဖြည့်ခဲ့သည်။ အဲ့ဒီ ဓလေ့ထုံးစံတွေက ဘုရားသခင်ဆီက လာတာမဟုတ်ပေမဲ့ ထိုအရာများကို လိုက်လျှောက်ရင် ဖြောင့်မတ်ခြင်းဟု ခံယူကြသည်။
  • တမန်တော်ရှင်ပေါလုကလည်း "ဓလေ့ထုံးစံ" ကို ဘုရားသခင်ထံမှ လာသော ခရစ်ယာန်များရဲ့ လက်တွေ့ လုပ်ဆောင်ရမည့် အချက်များကို သင်ကြားပေးခြင်း၌ နည်းလမ်းအမျိုးမျိုးဖြင့် ရည်ညွှန်းထားပါသည်။ အခြားသော တမန်တော်များလည်း ထိုနည်းတူပင်ဖြစ်သည်။
  • ယခုခေတ်တွင် ကျမ်းစာထဲတွင် မသွန်သင်ခဲ့သော ခရစ်ယာန်ဓလေ့ထုံးစမ်းများစွာရှိပေမဲ့ သမိုင်းနောက်ခံအရ ရိုးရာအလေ့အကျင့်များကို လက်တွေ့ ကျင့်သုံးကြသည်။ ထိုဓလေ့ရိုးရာများကို ကျမ်းစာထဲမှာ ဘုရားသခင် သွန်သင်ပေးတဲ့ အတိုင်း တန်ဖိုးထားသင့်သည်။