my_tw/bible/other/taxcollector.md

2.8 KiB

အခွန်ကောက်ခံသူ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

အခွန်ကောက်ခံသူသည် အစိုးရအတွက်အလုပ်လုပ်ပေးသောသူ ဖြစ်သည်။ ထိုသူ၏အလုပ်သည် လူတွေဆီမှ အစိုးရဆီသို့ပေးရန် လိုအပ်သော အခွန်များကို လက်ခံရခြင်းဖြစ်သည်။

  • ယေရှုခရစ်တော်နှင့် တမန်တော်များအချိန်တွင် ဂျူးလူမျိုးများအပါအဝင် ရောမအင်ပါယာ အတွင်းတွင် နေထိုင်သော လူတိုင်းသည် ရောမအစိုးရကို အခွန်ပေးဆောင်ရသည်။
  • ရောမအစိုးရအတွက် အခွန်ကောက်ခံပေးသူများသည်
  • လူများဆီက ရောမအစိုးရကို ပေးဆောင်ရမည့် အခွန်ထက် များပြားသော ငွေများကို မကြာခဏ ပို၍တောင်းဆိုသည်။ ထိုငွေများသည် သူတို့၏ အပိုဝင်ငွေများဖြစ်လာသည်။
  • အခွန်ကောက်ခံသူများသည် ဤနည်းအားဖြင့် လူများဆီက လိမ်လည်ခြင်းကို ဂျူးလူမျိူးများက သူတို့ကို အဆိုးဆုံးအပြစ်သားများဟု ယူဆသည်။
  • ဂျူးလူမျိုးများက ဂျူးလူမျိုးအခွန်ကောက်ခံသူများကို လိမ်လည်လှည့်စားသူဟု ယူဆကြသည်။ အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုးများသည် ရောမအစိုးရ လက်အောက်တွင်အလုပ်လုပ်ပေးပြီး ကိုယ့်လူမျိူးများကို ဖိနှိပ်သောကြောင့်ဖြစ်သည်။
  • အခွန်ကောက်ခံသူများနှင့်အပြစ်သားများ ဟူသော စကားစုသည် ဓမ္မဟောင်းအချိန်တွင် ဂျူးလူမျိုးများ၏ အခွန်ခံများအပေါ်

အထင်အမြင်သေးခြင်းကို ဖော်ပြသော စကားဖြစ်သည်။