my_tw/bible/other/suffer.md

4.3 KiB

ခံစားသည်၊ ဝေဒနာခံစားသည်၊ ဝေဒနာခံစားသည်၊ ဝေဒနာခံစားနေသည်၊ ဒုက္ခဝေဒနာခံစားခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ဝေဒနာခံစားသည်" နှင့် "ခံစားနေသည်" ဟူသောစကားစုသည် မပျော်ရွှင်သောအရာများဖြစ်သည့် ဖျားနာခြင်း၊ နာကျင်ခြင်း (သို့ ) အခြားသော အခက်ခဲများကို ကြုံတွေ့ ခံစားသောအရာများကို ရည်ညွန်းထားပါသည်။

  • လူများသည် ညင်းဆဲခြင်းခံစားရသောအခါ (သို့ ) သူတို့သည် နေမကောင်းအခါ၊ ဝေဒနာခံစားသောအခါ။
  • တခါတရံတွင် လူများသည် သူတို့လုပ်ဆောင်ခဲပြီးသော အမှားကြောင့် ဝေဒနာခံစားရသည်၊ အပြစ်နှင့် လောကတွင် ကြုံနေရသော ရောဂါများကြောင့် ကျန်သောအချိန်များတွင်လည်း ဝေဒနာခံစားကြရသည်။
  • ဝေဒနာခံစားခြင်းတွင် ကိုယ်ခံန္ဒာပိုင်းဆိုင်ရာခံစားခြင်းများဖြစ်သော နာကြင်ခြင်းနှင့် ဖျားနာခြင်းများဖြစ်နိုင်သည်။ နောက်ပြီး စိတ်ပိုင်းဆိုင်ရာ ဖြစ်သော ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်း (သို့ ) အထီးကျန်ဆန်ခြင်းများ လည်းဖြစ်နိုင်သည်။
  • ငါ့ကို ခံစားစေသည်" ဟူသော စကားစု၏ ဆိုလိုရင်းမှာ "ငါ့နှင့်အတူခံစားပါ" (သို့ ) "ငါ့စကားကိုကြားနာပေးပါ" (သို့ ) "သေချာ နားထောင်ပါ"

ဘာသာပြန်ဆိုရန် အကြံပြုချက်များ -

  • "ဝေဒနာခံစားသည်" ဟူသောစကားစုကို "နာကြင်ခံစားသည်" (သို့ ) "ခက်ခဲ့မူများကို ခံနိုင်သည်" (သို့ ) "အခက်ခဲများကို ကြုံတွေ့ခံစားရသည်" (သို့ ) "အခက်အခဲများကို ဖြတ်ကျော်သည် နှင့် ကြုံတွေ့ရသောအခက်ခဲများကြောင့် နာကြင်ရသည်။"
  • ဆက်စပ်အကြောင့်အရာပေါ်အခြေခံ၍ ဝေဒနာခံစားခြင်းကို "ခက်ခဲသော အခြေအနေများကို ပြင်းထန်စွာ ခံစားရသည်" (သို့ ) "ပြင်းထန်သော အခက်အခဲများ" (သို့ ) "အခက်အခဲများကို ရင်ဆိုင်သည်" (သို့ ) "နာကြင်စွာ ကြုံတွေ့ခံစားရသော အချိန်များ"
  • "ဝေဒနာကို တောင်းတသည်" ဟူသောစကားစုကို တောင်းတမူကို ကြုံတွေ့ ခံစားရသည်" (သို့ ) "တောင်းတမူဖြင့် ခံစားရသည်"
  • "ပြင်းထန်သောအရာများကို ခံစားရန် ဟူသောအရာကို ပြင်းထန်မူများနှင့် ရင်ဆိုင်ရသည်" (သို့ ) "ပြင်းထန်သော အပြုအမူများဖြင့် နာကြင်မူများ ခံစားရသည်"