my_tw/bible/other/stronghold.md

3.6 KiB

ရဲတိုက်၊ ခံတပ်၊ မြို့ရိုး

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ရဲတိုက်" နှင့် "ခံတပ်" တို့သည် ရန်သူတို့၏ တိုက်ခိုက်ခြင်းမှ လုံခြုံမှုရရှိရန် ခိုလှုံရသော နေရာဖြစ်ပါသည်။ "မြို့ရိုး" သည် လုံခြုံစွာ ခိုနားနိုင်ရန် တည်ဆောက်ထားသော မြို့သို့မဟုတ် နေရာဖြစ်သည်။

  • တစ်ခါတစ်ရံ ရဲတိုက်နှင့် ခံတပ်များသည် လူလုပ်သော အရာများဖြစ်ကြပြီး ရန်သူများ ကျူးကျော််၍ မရအောင် ဆောက်ထားသည်။ အချို့သော ရဲတိုက်နှင့် ခံတပ်များသည် သဘာဝအရ တည်ရှိသော ကျောက်ဆောင်နှင့် တောင်များ ဖြစ်ကြသည်။
  • ရဲတိုက်များကို ခိုင်မာသည့် အကာအရံများဖြင့် တည်ဆောက်ကြပြီး၊ ရန်သူများ အလွယ်တကူ ဝင်မလာနိုင်ဖို့ရန် အတားအဆီးများ ထားရှိကြသည်။
  • "ရဲတိုက်" သို့မဟုတ် "ခံတပ်များကို "လုံခြုံသောနေရာ" သို့မဟုတ် "ကျနစွာကာထားသော နေရာ" ဟု ပြန်ဆိုနိုင်ပါသည်။
  • "မြို့ရိုး" ကို "လုံခြုံစွာကာထားသော မြို့" သို့မဟုတ် "ခိုင်ခံ့စွာတည်ဆောက်သောမြို့" ဟု ပြန်ဆိုနိုင်ပါသည်။
  • ဘုရားသခင်ကို ကိုးစားသောသူသည် ရဲတိုက် သို့မဟုတ် ခံတပ်တွင် နေရဘိအလား ခံစားရသည်ဟု အဓိပ္ပါယ်ကောက်ယူနိုင်သည်။ (ရှု: Metaphor)
  • အခြားအဓိပ္ပါယ်အရ ရဲတိုက်ဟူသည် လူများမှားယွင်းစွာ ကိုးစားနေသော အရာများကိုလည်း ညွှန်းဆိုထားသည်။ မှားယွင်းသော ဘုရားများ သို့မဟုတ် ထာဝရဘုရားအစား အခြားအရာ အစားထိုးခြင်းများကို ဆိုလိုသည်။ ထိုအရာများကို မှားယွင်းသော ရဲတိုက်များဟု ခေါ််ရပေမည်။
  • ဤစကားလုံးကို "ခိုလှုံရာ" ဟူသော စကားလုံးနှင့် အဓိပ္ပါယ်ချင်း နီးစပ်မှု မရှိပေ။ ခိုလှုံရာအရပ်သည် လုံခြုံမှုကို အသားပေးပြီး နေရာတည်ဆောက်မှုကို ပမာမထားပေ။