my_tw/bible/other/snare.md

3.8 KiB

ကျော့ကွင်း၊ ထောင်ချောက်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ကျော့ကွင်း၊ ထောင်ချောက်" စသောစကားလုံးတို့သည် တိရိစ္ဆာန်တစ်ကောင်ကောင်ကို ဖမ်းဆီးထားခြင်းဖြစ်ပြီး ထွက်ပြေးမသွားရန် ထိန်းသိမ်းထားခြင်းဖြစ်သည်။ သမ္မာကျမ်စာဖော်ပြချက်များအရ ထိုကျော့ကွင်း၊ ထောင်ချောက်တို့သည် လူသားတို့အတွက် စုံစမ်းခြင်း (သို့) အပြစ်မည်မျှရှိသည်ကို ဖော်ပြနေခြင်းဖြစ်သည်။

  • "ကျော့ကွင်း" ဟူသောစကားလုံးသည် အဆုံးအစမရှိသောကြိုးစကို ရုတ်တရက်စွဲငင်ကာ တိရိစ္ဆာန်တစ်ကောင်ကောင်၏ ခြေထောက်ကို စွပ်မိခြင်းဖြစ်သည်။
  • ထောင်ချောက်ကို များသောအားဖြင့် သတ္ထု၊ သစ်သား စသည့် အစိတ်အပိုင်းနှစ်ခုတို့က ရုတ်တရက်အားကြီးစွာ ပိတ်ကာဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ထွက်မပြေးရန်ဖြစ်သည်။
  • တခါတရံ၌ ကျော့ကွင်း၊ ထောင်ချောက်စသည်တို့ကို ကွယ်ဝှက်ထားပြီး ရုတ်တရက်မှင့်သက်သွားစေသောအရာဖြစ်သည်။
  • "ကျော့ကွင်းကိုဆင်သည်" ဟူသောစကားလုံးသည် တစ်စုံတစ်ခုကို ဖမ်းရန်အဆင်သင့်ထားရှိသည်ဟု ဆိုနိုင်ပေသည်။
  • "ကျော့ကွင်းထဲတွင် ကျဆင်းသည်" ဟူသောစကားလုံးသည် နက်နဲသောတွင်းထဲ (သို့) ကွယ်ဝှက်ထားသော အရာထဲသို့ တိရိစ္ဆာန် တစ်ကောင်ကောင်ကို ဝင်ရောက်စေသည်ဟု ဆို၍ရသည်။
  • ထင်သာမြင်သာဖော်ပြရလျှင် ကျော့ကွင်း၊ ထောင်ချောက်ထဲသို့ ဖမ်းမိခံရခြင်းကို နိူင်းယှဉ်ပါက လူသားတစ်ဦးအပြစ်တရားထဲသို့ တိရိစ္ဆာန်တစ်ကောင်ကောင် ထောင်ချောက်ထဲတွင် ကျဆင်းသကဲ့သို့ အပြစ်ထဲတွင်နစ်မွန်းနိုင်ကြောင်းကို ရည်ညွန်းနိုင်သည်။
  • ထိုကျော့ကွင်းထဲ၌ပင်လျှင် တိရိစ္ဆာန်သည် နာကြင်ခြင်း အန္တရာယ်ကိုခံရသကဲ့သို့ လူသားသည်လည်း အပြစ်တရား၏ထောင်ချောက်ထဲမှ နာကြင်ခြင်းအလျှင်းမရှိ လွတ်မြောက်ခြင်းရရှိရန် လိုအပ်ပေသည်။