my_tw/bible/other/sackcloth.md

2.5 KiB

လျှော်တေအဝတ်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

လျှော်တေအဝတ်သည် ကုလားအုပ်မွေး (သို့မဟုတ်) ဆိတ်မွေးဖြင့်ပြုလုပ်ထားပြီး ကုတ်ရာခြစ်ရာတွေပါသောအဝတ် ကြမ်းတမ်းသောအဝတ်ဖြစ်သည်။

  • လျှော်တေအဝတ်ဝတ်ဆင်ခြင်းက ဝတ်ဆင်တဲ့သူကို မသက်မသာဖြစ်စေသည်။ အဲဒါကို ဝမ်းနည်းပူဆွေးတာကိုပြသဖို့၊ ကြေကွဲတာကို ပြသဖို့နှင့် နောင်တရနိမ့်ညံ့ခြင်းကို ပြသဖို့ရန်အတွက် ဝတ်ဆင်ခဲ့ကြသည်။
  • လျှော်တေအဝတ်နှင့် ပြာစကားစုသည် နောင်တရ၍ ဝမ်းနည်းပူဆွေးခြင်းကို အဓိကဖော်ပြရည်ရွယ်ထားခြင်းဖြစ်သည်။

ဘာသာပြန်ရန်ရည်ရွယ်ချက်များ

  • ဒီစကားလုံးကို တိရစ္ဆာန်အမွေးမှ ရရှိ၍ ကြမ်းတမ်းသောအဝတ် (သို့မဟုတ်) ဆိတ်မွေးမှ ပြုလုပ်သောအဝတ် (သို့မဟုတ်) ကုတ်ခြစ်ရာတွေပါသောအဝတ် ကြမ်းတမ်းသောအဝတ်ဟူ၍လည်းကောင်း ဘာသာပြန်နိုင်ပါသည်။
  • တနည်းအားဖြင့် ဒီစကားလုံးကို ဘာသာပြန်ဖို့ရန် ဝမ်းနည်းပူဆွေးခြင်းကို ပြသသော ကြမ်းတမ်းသောအဝတ်ဟူ၍လည်းပါဝင်သည်။
  • လျှော်တေအဝတ်နှင့် ပြာ ဆိုသည့် စကားစုကို ပြာနားမှာထိုင်လျက် ကြမ်းတမ်းသောအဝတ်ကို ဝတ်ဆင်ပြီး ဝမ်းနည်းခြင်းတွေကို လူတွေအား ပြသသကဲ့သို့ ဘာသာပြန်ဆိုနိုင်ပါတယ်။