my_tw/bible/other/lover.md

2.2 KiB

ချစ်သူ၊ ရည်းစား

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ချစ်သူ" ၏ အဓိပ္ပာယ်မှာ "ချစ်သောသူ" ဖြစ်သည်။ ပုံမှန်အားဖြင့် ဖို မ ဆက်ဆံရေးကို ဖော်ပြရာ၌ အသုံးများသည်။

  • သမ္မာကျမ်းစာတွင် "ချစ်သူ" ဟုသုံးနှုန်းလိုက်တိုင်း လက်မထပ်ဘဲ မေထုန်မှီဝဲသူများ (လိင်ဆက်ဆံသူများ) ကို အများဆုံးညွန်းဆိုလေ့ရှိသည်။
  • ဤမတရားသောမေထုန်မှီဝဲခြင်းသည် ဣသရေလလူမျိုးများ ဘုရားစကားကိုနာမခံဘဲ ရုပ်တုကိုးကွယ်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် "ရည်စားများ" ဟုပုံဆောင်ချက်အနေနှင့်သုံးနှုန်းသောအခါဣသရေလလူမျိုးများကိုးကွယ်သော ရုပ်တုများကို ရည်ညွှန်းခြင်းဖြစ်သည်။ တစ်ချို့ စာပုဒ်များတွင် "ရည်းစား" ကို " တရားမဝင်ခင်ပွန်း" "ကာမကျူလွန်သောခင်ပွန်း" "ရုပ်တု" စသဖြင့်ဘာသာပြန်ဆို နိုင်သည်။

"ငွေချစ်သူ" သည် ငွေ နှင့် ဥစ္စာကြွယ်ဝမှုကို အလွန်အမင်း အရေးထားသော ပုဂ္ဂိုလ်အား ဆိုလိုသည်။

  • ရှောလမုန်သီချင်းတွင်မူ "ရည်စား" ဟူသော စကားလုံးကို အပေါင်းလက္ခဏာ (အကောင်းဘက်) တွင် သုံးနှုန်းထားဖြစ်သည်။