my_tw/bible/other/bronze.md

1.7 KiB

ကြေး (သတ္တု)

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ကြေး ဆိုသည်မှာ သတ္တု၊ ကြေးနီနှင့် သံကို ကျိုပြီး နီညိုရောင်သမ်းသော သတ္တုဖြစ်သည်။

  • ကြေးသည် ရေတိုက်စားမှုကိုခံနိုင်ပြီး အပူလျင်မြန်စွာစီးဆင်းနိုင်သည်။
  • ရှေးခေတ်၌ အရာဝတ္ထုများ၊ လက်နက်များ၊ အနုပညာလက်ရာများ၊ ပလ္လင်၊ အိုးခွက်များ၊ စစ်ဝတ်ချပ်တန်ဆာများနှင့် အခြားပစ္စည်းများပြုလုပ်ရာတွင် ကြေးကိုအသုံးပြုသည်။
  • တလ္လားတော်နှင့် ဗိမာန်တော်တည်ဆောက်ရာတွင် ကြေးကိုအများဆုံးအသုံးပြုသည်။
  • အခြားသောဘုရားရုပ်တုများကိုလည်း ကြေးသတ္တုဖြင့်သာပြုလုပ်သည်။
  • ကြေးကိုအရည်ကျိုပြီး ပုံဖော်မှိုခွက်ထဲတွင် လောင်းထည့်ခြင်းအားဖြင့် လိုချင်သည့်ပစ္စည်းကို ရရှိနိုင်သည်။ ဤလုပ်ငန်းစဉ်ကို ပုံကူးခြင်းဟုခေါ်ဆိုသည်။