my_tw/bible/kt/temple.md

2.5 KiB

ဗိမာန်တော်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဗိမာန်တော်အဆောက်အဦးဝန်းသည် နံရံများဖြင့် ကာရံထားပြီး ထိုနေရာသည် ဣသရေလလူမျိူးများ ဆုတောင်းသောနေရာနှင့် ဘုရားသခင်ကို ယဇ်ပူဇော်ရန် ပြုလုပ်ရန်လာသောနေရာဖြစ်သည်။ ထိုနေရာသည် ယေရှုရှလင် မြို့ထဲ ရှိမောရိတောင်ပေါ်တွင်ရှိသည် ။

  • ဗိမာန်တော်ဟူသော စကားလုံးဟာ ဗိမာန်တော်တခုလုံး၏ အစိတ်အပိုင်း ဖြစ်ပြီ ဝန်းများကို အဓိက အဆောက်အဦးများနဲ့ ကာရံ ထားသည်။ တခါတရံမှာ အဆောက်အဦးကိုသာ ဆိုလိုခြင်းဖြစ်သည်။
  • ဗိမာန်တော်အဆောက်အဦးတွင် သန့်ရှင်းသောနေရာနှင့် အသန့်ရှင်းဆုံး နေရာ ဟူ၍ အခန်းနှစ်ခန်းပါဝင်သည်။
  • ဘုရားသခင်သည် ဗိမာန်တော်ကို သူကျိန်းဝပ်သောနေရာဟု ရည်ညွှန်းသည်။
  • ရှောလမုန်မင်းကြီး စိုးစံချိန်တွင် သူသည် ဗိမာန်တော်ကို တည်ဆောက်ပြီး ထိုနေရာသည် ယေရုရှလင်မြို့တွင် အမြဲမပြတ် ကိုးကွယ်သောနေရာ ဖြစ်သည်။
  • ဓမ္မသစ်ကျမ်းထဲတွင် သန့်ရှင်းသောဝိညာဉ်၏ ဗိမာန်တော်သည် ယေရှုကိုယုံကြည်သောသူကို ခေါ်သည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်သည် သူတို့အထဲတွင် ကျိန်းဝပ်သောကြောင့်ဖြစ်သည်။