my_tw/bible/kt/scribe.md

2.6 KiB

ကျမ်းတတ်ပုဂ္ဂိုလ်၊ ဂျူးဉပဒေများကို ကျွမ်းကျင်သူ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ကျမ်းတတ်ပုဂ္ဂိုလ်များသည် အရေးကြီးသော ဘာသာရေးကျမ်းများ၊ အစိုးရဆိုင်ရာစာပေများကို လက်ဖြင့်ရေးသားခြင်း (သို့) ကူးယူခြင်းများကို ပြုလုပ်ရသော အမတ်/အရာရှိများ ဖြစ်ကြသည်။ ဂျူးကျမ်းတတ်ပုဂ္ဂိုလ်များကို ဂျူးဉပဒေကျွမ်းကျင်သူများဟုလည်းခေါ်ကြသည်။

  • ကျမ်းတတ်ပုဂ္ဂိုလ်များသည် ဓမ္မဟောင်းကျမ်းများကို ပြန်လည်ကူယူခြင်းနှင့် ထိန်းသိမ်းခြင်းကို တာဝန်ယူရသည်။
  • ထိန်းသိမ်းခြင်း၊ တစ်ဆင့်ကူးခြင်း၊ ဘာသာရေးအမြင်နှင့် အယူအဆအဓိပ္ပာယ်ဖွင့်ဆိုခြင်းကိုလည်း လုပ်ရသည်။
  • တခါတရံကျမ်းတတ်ပုဂ္ဂိုလ်များသည် အရေးကြီးဆုံးသော အမတ်၊ အရာရှိများ ဖြစ်ကြသည်။
  • သမ္မာကျမ်းအတွင်း အရေးပါသော ကျမ်းတတ်ပုဂ္ဂိုလ်များမှာ ဗာရုတ် နှင့် ဧဇရ တို့ ဖြစ်ကြသည်။
  • ဓမ္မသစ်ကျမ်းတွင် ကျမ်းတတ်ပုဂ္ဂိုလ်များကို ဉပဒေသင်ကြားပေးသောဆရာ ဟုလည်း ဘာသာပြန်ဆိုထားသည်။
  • ဓမ္မသစ်ကျမ်းတွင် ကျမ်းတတ်ပုဂ္ဂိုလ်များကို ဖာရိရှဲဟုခေါ်သော ဘာသာရေးဝါဒအဖွဲ့တွင် တွေ့လေ့ရှိခဲ့ပြီး အဖွဲ့အစည်းနှစ်ခုလုံးကို မကြာခဏ အတူတကွ ဖော်ပြထားခဲ့သည်။