my_tw/bible/kt/save.md

3.6 KiB

ကယ်ချွတ်ခြင်း၊ ကယ်လွတ်ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ကယ်ချွတ်ခြင်းဟူသော စကားလုံးသည် မကောင်းသောအရာ တခုခု တွေ့ကြုံနိုင်ခြင်းမှ တစ်စုံတယောက်အား ကယ်တင်ခြင်းကို ဆိုလိုသည်။ ကယ်လွတ်သည်ဟူသည်မှာ အန္တရာယ်ထဲမှ ကွယ်ကာခြင်းခံရသော အရာကို ဆိုလိုသည်။

  • ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဖော်ပြလျှင် လူတွေသည် သေခြင်းထဲမှ (သို့) အန္တရာယ်ထဲမှ (သို့) ဒုက္ခရောက်ခြင်းထဲမှ ကယ်ချွတ်နိုင်ပါလိမ့်မည်။
  • ဝိညာဉ်ပိုင်းအားဖြင့် ဖော်ပြလျှင် လူတစ်ယောက် ကယ်ချွတ်ခြင်းကိုခံရသည်ဆိုလျှင် ကားတိုင်ထက်မှာ အသေခံသော ယေရှုအားဖြင့် ဖြစ်ပြီး ဘုရားသခင်သည် ထိုသူကို ခွင့်လွတ်ခြင်းပေးခဲ့သောအရာနှင့် အပြစ်အတွက် ငရဲထဲကိုသွားရန်အပြစ်ပေးခြင်းထဲမှ ကယ်တင်ခဲ့ခြင်းကို ဆိုလိုသည်။
  • လူတွေသည် အန္တရာယ်ထဲမှ လူတွေကို ကယ်တင်နိုင်ပါလိမ့်မည် ဒါပေမယ့် ဘုရားတပါးတည်းသာလျှင် ကျွန်ုပ်တို့၏ အပြစ်အတွက် ထာဝရအပြစ်ပေးခြင်းထဲမှ လူတွေကို ကယ်တင်နိုင်သောသူဖြစ်သည်။

ဘာသာပြန်အကြံပြုချက်

  • ကယ်ချွတ်သည်ဟူသော စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုလျှင် လွတ်မြောက်စေသည် (သို့) ဒုက္ခထဲမှ ကာကွယ်သည် (သို့) ဒုက္ခရောက်နိုင်သော လမ်းထဲမှကယ်နုတ်သည် (သို့) သေခြင်းထဲမှ ကယ်တင်သည် ဟူ၍လည်း ပါဝင်သည်။
  • ရှင်းပြချက်အရ ကိုယ့်ကိုယ်ကို ကယ်တင်သောသူ ဟူသော စကားစုထဲတွင် ကယ်တင်သည်ဟူသော စကားလုံးသည် ကိုယ့်ကို ထိန်းသိမ်းစောင့်ရှောက်သည် (သို့) ကာကွယ်သည် ဟူ၍လည်း အဓိပ္ပာယ်သက်ရောက်သည်။
  • ကယ်လွတ်ခြင်းဟူသော စကားလုံးကို အန္တရာယ်ထဲမှ ကွယ်ကာခဲ့ခြင်း (သို့) ဘယ်အရာမှ ဒုက္ခမပေးနိုင်သော နေရာ၌ ရှိသည်ဟူ၍လည်း အဓိပ္ပာယ် သက်ရောက်သည်။