my_tw/bible/kt/satan.md

3.2 KiB

စာတန်၊ မာရ်နတ်၊ မကောင်းသောအရာ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

မာရ်နတ်သည် ဘုရားသခင်ဖန်ဆင်းခဲ့သော ဝိညာဉ်တစ်ပါးဖြစ်သည်။ သို့သော်လည်း သူသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ပြီး ဘုရားသခင်၏ ရန်သူဖြစ်ခဲ့သည်။ မာရ်နတ်ကို စာတန်၊ မကောင်းသောအရာဟုလည်း ခေါ်သည်။

  • မာရ်နတ်သည် ဘုရားသခင်၏ နေရာကို လိုချင်ပြီး ဘုရားသခင်ကဲ့သို့ ကိုးကွယ်ခြင်းကို ခံချင်သောကြောင့် ဘုရားသခင်နှင့် ဘုရားဖန်ဆင်းသောအရာများကို မုန်းခဲ့သည်။
  • စာတန်သည် လူတွေက ဘုရားသခင်ကိုဆန့်ကျင်ဖို့ရန် သွေးဆောင်ဖျားယောင်းသည်။
  • ဘုရားသခင်သည် စာတန်၏ထိန်းချုပ်မှုအောက်မှ လူတွေကို ကယ်တင်ရန် သူ၏သားတော်ယေရှုကို စေလွတ်ခဲ့သည်။
  • စာတန်၏ အဓိပ္ပာယ်သည် ရန်သူ (သို့) ပြိုင်ဘက်ဖြစ်သည်။
  • မာရ်နတ်ဆိုသော စကားလုံး၏ အဓိပ္ပာယ်သည် စွပ်စွဲသူဖြစ်သည်။

ဘာသာပြန်အကြံပြုချက်

  • မာရ်နတ်ဟူသော စကားလုံးကို စွပ်စွဲသူ (သို့) မကောင်းသောသူ (သို့) ဝိညာဉ်ဆိုးများ၏ ဘုရင် (သို့) မကောင်းသောဝိညာဉ်များ၏ ခေါင်းဆောင်ဟူ၍ ဘာသာပြန်လို့ရပါသည်။
  • စာတန်ကို ပြန်ဘက် (သို့) စွပ်စွဲသူ (သို့) သူ၏ မကောင်းကြောင်းကို ပေါ်လွန်စေသော အခြားနာမည်များနှင့်လည်း ဘာသာပြန်လို့ရပါသည်။
  • ထိုစကားလုံး ဝေါဟာရများကို နတ်ဆိုး၊ မကောင်းသောဝိညာဉ်များနှင့် ကွဲပြားစွာ ဘာသာပြန်ဆိုသင့်သည်။
  • ထိုစကားလုံးများကို ဒေသဘာသာစကား (သို့) နိုင်ငံဘာသာစကားတွေထဲတွင် အဘယ်သို့ ပြန်ဆိုထားသည်ကို ဆင်ခြင်ပါ။