my_tw/bible/kt/sanctuary.md

17 lines
3.9 KiB
Markdown

# ကျိန်းဝပ်ရာအရပ်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ကျိန်းဝပ်ရာအရပ်သည် သန့်ရှင်းသောနေရာကို ဆိုလိုတာဖြစ်ပြီး ဘုရားအတွက် သီးသန့်ထားသောနေရာနှင့် ဘုရားသခင်ပြုလုပ်ထားသော သန့်ရှင်းသောနေရာကို ဆိုလိုတာဖြစ်သည်။ ထိုစကားလုံးသည် လုံခြုံသောနေရာနှင့် အကွယ်အကာရှိသောနေရာဟူ၍လည်း အထူးပြုနိုင်ပါသည်။
* ဓမ္မဟောင်းကျမ်းထဲတွင် ကျိန်းဝပ်သောနေရာသည် တဲတော်(သို့) ဗိမာန်တော်တည်ဆောက်သောနေရာတွင် သန့်ရှင်းသောနေရာနှင့် အသန့်ရှင်းဆုံးသောနေရာကို ရည်ညွှန်းခဲ့သောအရာတွင် တခါတရံ အသုံးပြုခဲ့သည်။
* ဘုရားသခင်သည် ကျိန်းဝပ်ရာအရပ်ကို ဣသရေလလူမျိုးများ သူ့လူမျိုးများရှေ့တွင် ဘယ်မှာကျိန်းဝပ်ကြောင်းကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
* ဘုရားကိုယ်တိုင်ကလည်း ကျိန်းဝပ်သောနေရာလို့ခေါ်ပါသည် (သို့) ကွယ်ကာမှုကိုရှာဖွေနိုင်ရန် သူ့လူမျိုးများအတွက် လုံခြုံသောနေရာဟု ခေါ်ပါသည်။
## ဘာသာပြန်အကြံပြုချက်
* ထိုစကားလုံးသည် သန့်ရှင်းသောနေရာ (သို့) သီးသန့်ခွဲထုတ်ထားသောနေရာဟူ၍ အခြေခံအနက်အဓိပ္ပာယ်ရှိသည်။
* ဆွေးနွေးချက်အရ၊ ကျိန်းဝပ်သောနေရာသည် သန့်ရှင်းသောနေရာ (သို့) ဘုရားအတွက်သီးသန့်တည်ဆောက်ထားခြင်း (သို့) ဘုရား၏သန့်ရှင်းသောနေရာ (သို့) ကွယ်ကာခြင်း၏သန့်ရှင်းသောနေရာ (သို့) လုံခြုံမှုကိုပေးသော သီးသန့်နေရာဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။
* ကျိန်းဝပ်ရာအရပ်၏ ငွေကြေးဟူသော စကားစုသည် တဲတော်အတွက်ပေးရသော ငွေကြေးမျိုး (သို့) ဗိမာန်တော်ကို ထိန်းသိမ်းဖို့ရန် ကောက်ခံရသောအခွန်ကဲ့သို့ အသုံးပြုသော ငွေကြေးဟူ၍ ဘာသာပြန်ဆိုနိုင်ပါသည်။
* သတိပြုရန်- အခုခေတ်အသင်းတော်ထဲ၌ ကိုးကွယ်သော အခန်းတွေကို ဆိုလိုခြင်း မဟုတ်ဘူးဆိုတာ ထိုစကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုသောနေရာတွင် အထူးသတိပြုပါ။