my_tw/bible/kt/resurrection.md

2.2 KiB

ရှင်ပြန်ထမြောက်ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ရှင်ပြန်ထမြောက်ခြင်း" ‌‌ဝေါဟာရသည် သေပြီးနောက် ပြန်၍ အသက်ရှင်လာခြင်းကို ရည်ညွှန်းသည်။

  • ရှင်ပြန်ထမြောက်စေခြင်းဆိုသည်မှာ လူတစ်ယောက်ကို ပြန်၍အသက်ရှင်စေခြင်း ဖြစ်သည်။ ဘုရားသခင်တစ်ပါးတည်းတွင် လုပ်နိုင်သောတန်ခိုးရှိသည်။
  • "ရှင်ပြန်ထမြောက်ခြင်း" စကားလုံးသည် ခရစ်တော် သေခြင်းမှ ရှင်ပြန်ထမြောက်လာခြင်းကို အများအားဖြင့် ရည်ညွှန်းသည်။
  • ယေရှုကလည်း "ငါသည်ထမြောက်ခြင်းနှင့် အသက်ဖြစ်၏" ဟုပြောဆိုရာတွင် သူသည်ရှင်ပြန်ထမြောက်ခြင်း၏ အကြောင်းရင်းဖြစ်သည် နှင့် လူများအား အသက်ရှင်ခြင်း ပေးသော အရှင်ဖြစ်သည် စသည်ဖြင့် အဓိပ္ပါယ်သက်ရောက်သည်။

ဘာသာပြန်အကြံပြုချက်

  • "ရှင်ပြန်ထမြောက်ခြင်း" ဟူသည့် စကားလုံးကို ဤကဲ့သို့ဘာသာပြန်နိုင်သည် "အသက်ပြန်ရှင်လာသည်" သို့မဟုတ် "သေပြီးနောက် ပြန်လည်အသက်ရှင်လာသည်"
  • ယေဘုယျ အဓိပ္ပါယ်မှာ "ထမြောက်ခြင်းအမှု" သို့မဟုတ် "ထမြောက်ခြင်း အကြောင်းအရာ" ဖြစ်သည်။