my_tw/bible/kt/pharisee.md

2.0 KiB

ဖာရိရှဲ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဖာရိရှဲများသည် ယေရှုအချိန်အခါတွင် သြဇာညောင်းသော ယုဒဘာသာရေးခေါင်းဆောင်များ ဖြစ်ကြသည်။

  • အများစုသည် စီးပွားရေးလုပ်သော လူလတ်တန်းစားများဖြစ်ကြပြီး၊ အချို့မှာ ယဇ်ပရောဟိတ်များဖြစ်ကြသည်။
  • ယုဒခေါင်းဆောင်များထဲတွင် ဖာရိရှဲများသည် အခြားသော ဥပဒေများ၊ ထုံးတမ်းစဥ်လာများထက် မောရှေ၏ပညတ်တော်များကို တင်းကျပ်စွာလိုက်နာကြသည်။
  • သူတို့သည် ဣသရေလလူမျိုးများကို တစ်ပါးအမျိုးသားများ၏ လွှမ်းမိုးမှုမရှိရန် အထူးဂရုပြုကြသည်။ ဖာရိရှဲဟူသော အမည်သည် "ခွဲထွက်ခြင်း" ဟူသော စကားလုံးမှလာသည်။
  • ဖာရိရှဲများသည် သေပြီးနောက်ဘဝရှိကြောင်း ယုံကြည်ကြသည်။ ထို့ပြင် ကောင်းကင်တမန်များနှင့် အခြားသောဝိညာဥ်တည်ရှိမှုကိုလည်း ယုံကြည်ကြသည်။
  • ဖာရိရှဲများနှင့် ဇဒ္ဒုကဲများသည် ယေရှုနှင့် တပည့်တော်များကို ဆန့်ကျင်ခဲ့ကြသည်။