my_tw/bible/kt/perish.md

2.2 KiB

ပျက်စီး၊ ပျက်စီးနေသော၊ ပျက်စီးတတ်သော

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ပျက်စီး ဟူသောဝေါဟာရသည် အကြမ်းဖက်ခြင်း(သို့)အခြားဘေးအန္တရာယ်ဖြင့် သေကြေခြင်း (သို့) ဖျက်စီးခြင်းဟု အဓိပ္ပါယ်ရသည်။ သမ္မာကျမ်းစာတွင် ထာဝရငရဲသို့ပြစ်ဒဏ်ပေးခြင်းဟု အဓိပ္ပါယ်ရသည်။

  • ပျက်စီးနေသောလူသားတို့ ဆိုသည်မှာ ငရဲပြည်သို့ဉီးတည်နေသော လူသားများအဖြစ်ကို ဆိုလိုပြီး၊ သခင်ယေရှု၏ ကယ်တင်ခြင်းတရားကို ငြင်းဆိုသူများပင် ဖြစ်ကြသည်။
  • ရှင်ယောဟန် ၃း၆ တွင် ပျက်စီး ၏ အဓိပ္ပါယ်သည် ကောင်းကင်နိုင်ငံတွင် ထာဝရ မနေရခြင်းဟု အဓိပ္ပါယ်ရသည်။

ဘာသာပြန် အကြံပြုချက်

  • နေရာဒေသကိုလိုက်၍ ထာဝရသေခြင်း (သို့) ငရဲပြည်တွင် ပြစ်ဒဏ်ပေးခြင်း (သို့) ဖျက်စီးခြင်း ဟူ၍ ဝေါဟာရ အမျိုးမျိုးဘာသာပြန်ဆိုနိုင်ပါသည်။
  • ပျက်စီးခြင်းကို ဘာသာပြန်ဆိုရာတွင် သတိထားရန် အဓိပ္ပါယ်သည် အသက်ရပ်စဲခြင်းသက်သက်မဟုတ်ဘဲ ငရဲပြည်တွင် ထာဝရအသက်ရှင်ခြင်း ဟူ၍လည်း အဓိပ္ပါယ်ရှိနိုင်ပါသည်။