my_tw/bible/kt/nazirite.md

2.4 KiB

နာဇရိ၊ နာဇရိပြသူများ၊ နာဇရိသစ္စာပြုသူများ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"နာဇရက်သစ္စာပြုသူများ"စကားလုံးသည် နာဇရက်သစ္စာပြုသော သူကိုရည်ညွန်းသည်။

  • နာဇရက်သစ္စာပြုသူများသည် များသောအားဖြင့်အမျိုးသားများ ဖြစ်ကြသည်။ အမျိုးသမီးများလည်းပါဝင်နိုင်သည်။ နာဇရက်သစ္စာပြုသောသူများသည် သတ်မှတ်ထားသောအချိန်၌ စပျစ်သီးမှထွက်သောအစားအသောက်များကိုရှောင်ရ၏။ ဆံပင်မညှပ်ရ၊ အသေ ကောင်နားမသွားရ။
  • သတ်မှတ်ထားသောအချိန်ကုန်သည့်အခါ သစ္စာပြုသောအချိန် လည်းကုန်ဆုံး၏။ ထိုအခါယစ်ပရောဟိတ်ထံသို့သွား၍ ပူဇော််ခြင်း ကိုပြုရ၏။ ပူဇော််ခြင်း၌ဆံပင်ညှပ်ခြင်းနှင့် မီးရှိုးခြင်းပါ၏။ အခြား

တားမြစ်ခြင်းလည်းမလိုတော့ပါ။

  • ဓမ္မဟောင်းကျမ်းထဲမှာ ရှံဆုန်သည် နာဇရက်သစ္စာပြုသောသူ ဖြစ်၏။
  • ကောင်းကင်တမန်က ဗတ္တိဇံဆရာယောဟန်မွေဖွားမည်အ ကြောင်းနှင့်စပျစ်ရည်မသောက်ရမည်အကြောင်းမိန့်မှာခဲ့သည်။ ယောဟန်သည်နာဇရက်၌ သစ္စာပြုသောသူဖြစ်ကြောင်းဖေါ်ပြ၏။
  • တမန်တော်ဝထ္ထုထဲ၌ ရှင်ပေါလုသည် နာဇရက်၌သစ္စာတစ်ကြိမ်ပြုခဲ့သည်ဟု ယူဆရ၏။