my_tw/bible/kt/lawofmoses.md

4.6 KiB

ပညတ်တရား၊ မောရှေ၏ပညတ်တရား၊ ဘုရားသခင်၏ပညတ်တရား၊ ထာဝရဘုရားသခင်၏ပညတ်တရား

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဤဝေါဟာရများအားလုံးသည် ဣသရေလများ နာခံရန် အတွက် မောရှေထံ ဘုရားသခင်ပေးခဲ့သော ညွန်ကြားချက်များ နှင့် ပညတ်တော်များကို ရည်ညွန်းသည်။ "ပညတ်တော်" နှင့် "ဘုရားသခင်၏ပညတ်တော်" စသည့် ဝေါဟာရများကို ဘုရားသခင်က သူ၏လူမျိုးတော်အား နာခံစေချင်သော အရာအားလုံးကို ယေဘုယျအနေဖြင့် ရည်ညွန်းရန်အတွက် ပို၍ အသုံးပြုခြင်းခံရသည်။

  • နေရာဒေသပေါ်မူတည်၍ "ပညတ်တော်" ရည်ညွန်းနိုင်သည့်အရာများမှာ-
  • ဣသရေလတို့အတွက် ‌ကျောက်ပြားပေါ်တွင် ဘုရားသခင်ရေးသား ခဲ့သော ပညတ်တော် ၁၀ ပါး။
  • မောရှေထံ ပေးအပ်ခဲ့သော ပညတ်တော်များအားလုံး၊
  • ဓမ္မဟောင်းကျမ်း၏ ပထမ ငါးကျမ်း။
  • ဓမ္မဟောင်းကျမ်းတစ်ခုလုံး (ဓမ္မသစ်ကျမ်း၌ "သမ္မာကျမ်းစာ" ကဲ့သို့ရည်ညွှန်းခံရသော)
  • ဘုရားသခင်၏ အလိုတော်နှင့် ညွန်ကြားချက်များအားလုံး
  • "ပညတ္တိကျမ်းနှင့်အနာဂ္ဂတိကျမ်းများ"ဆိုသည့် ဝေါဟာရကို ဓမ္မသစ်ကျမ်းထဲ၌ ဟေဗြဲကျမ်းစာ (သို့) ဓမ္မဟောင်းကျမ်း ကို ရည်ညွန်းရန် အသုံးပြုသည်။

ဘာသာပြန်အကြံပြုချက်များ

  • များပြားသော ညွန်ကြားချက်များကို ရည်ညွှန်းသည့် အားလျော်စွာ "ပညတ်တော်များ" ဟု အများကိန်းပုံစံ အသုံးပြုပြီး ဘာသာပြန်နိုင်သည်။
  • "မောရှေ၏ပညတ်တော်"ကို "ဘုရားသခင်က ဣသရေလများအတွက် မောရှေထံပေးခဲ့သော ပညတ်တော်များ" အနေဖြင့် ဘာသာပြန်နိုင်သည်။
  • နေရာဒေသအခြေအနေပေါ်မူတည်၍ "မောရှေ၏ပညတ်တော်"ကို "မောရှေထံ ဘုရားသခင်ပေးခဲ့သောပညတ်တော်" (သို့) "မောရှေချရေးခဲ့သော ဘုရားသခင်၏ပညတ်တော်များ" (သို့) "ဘုရားသခင်က ဣသရေလတို့အတွက် မောရှေထံ ပေးခဲ့သော ပညတ်တော်များ" ကဲ့သို့လည်း ဘာသာပြန်ဆိုနိုင်သည်။
  • "ပညတ်တော်" (သို့) "ဘုရားသခင်၏ပညတ်တော် (သို့) "ဘုရားသခင်၏ပညတ်တော်များ" စသည်တို့ကို "ဘုရားသခင်ထံမှပညတ်တော်များ" (သို့) "ဘုရားသခင်၏အမိန့်တော်များ" (သို့) "ဘုရားသခင်ပေးခဲ့သောပညတ်တော်များ" (သို့) "ဘုရားသခင်မိန့်ကြားသောအရာအားလုံး" (သို့) "အလုံးစုံအတွက် ဘုရားသခင်၏ညွန်ကြားချက်များ" ကဲ့သို့ ဘာသာပြန်ဆိုနိုင်သည်။