my_tw/bible/kt/jesus.md

3.3 KiB

ယေရှု၊ ယေရှုခရစ်တော်၊ ခရစ်တော်ယေရှု

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ယေရှုသည်ဘုရားသခင်၏ သားတော်ဖြစ်သည်။ ယေရှု၏ အဓိပ္ပာယ်မှာ "ယေဟောဝါကယ်တင်တော်မူသည်" ဟု ဆိုလိုသည်။ "ခရစ်တော်" ဆိုသည်မှာ ဘွဲ့ရာထူးဖြစ်ပြီး "ဘိသတ်ခံရသူ" ဟု ဆိုလိုသည်။ မေရှိယဟူ၍လည်း ခေါ်သည်။

  • "ယေရှုခရစ်တော်" (သို့) "ခရစ်တော်ယေရှု" ဟု နာမည် ၂ ခုကို တွဲသုံးသည်။ ဘုရားသခင်၏ သားတော် မေရှိယသည် လူတို့၏အပြစ်ကြောင့် ထာဝရအပြစ်ဒဏ်မှ ကယ်တင်ရန်ဖြစ်သည်ဆိုခြင်းကို ဤနာမက အထူးပြုသည်။
  • အံ့ဘွယ်နည်းလမ်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်က ဘုရားသားတော်ကို လူသားအဖြစ် မွေးဘွားလာစေခဲ့သည်။ ကောင်းကင်တမန်က သူ၏ မိဘ ၂ ပါးကို "ယေရှု" ဟူသော အမည်ဖြင့် မှည့်ရန် ပြောခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် လူတို့ကိုအပြစ်မှ ကယ်တင်မည့်သူဖြစ်သောကြောင့်ဖြစ်သည်။
  • ယေရှုသည် နမိတ်လက္ခဏာများစွာ ပြုခဲ့ပြီးသူသည် ဘုရားဖြစ်ကြောင့်ကိုလည်းကောင်း၊ ခရစ်တော် (သို့ ) မေရှိယဖြစ်ကြောင်းကို ဖွင့်ပြခဲ့သည်။

ဘာသာပြန်အကြံပြုချက်များ

  • များစွာသော ဘာသာစကားများ၌ "ယေရှု" နှင့် "ခရစ်တော်" ကို မိမိတို့ ဘာသာစကားများဖြင့် ပြန်ဆိုရာ၌ "ယေရှု" "ခရစ်တော်" ဟူသော စကားနှင့် အနီးစပ်ဆုံး အသံတူအောင် ပြန်ဆိုကြသည်။
  • "ခရစ်တော်" ဆိုသော ဝေါဟာရအတွက်မူ အချို့သော ဘာသာစကားများက မေရှိယဟု ပြန်ဆိုရခြင်းကို ပို၍ နှစ်သက်ကြသည်။
  • နီးစပ်သောဒေသခံစကား (သို့ ) အမျိုးသားဘာသာစကားနှင့် မည်သို့ ပြန်ဆိုသင့်သည်ကိုလည်း စဉ်းစားနိုင်ပါသည်။