my_tw/bible/kt/jealous.md

3.7 KiB

မနာလိုသော၊ မနာလိုဖြစ်ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"မနာလိုသော" နှင့် "မနာလိုဖြစ်ခြင်း" ဟူသော ဝေါဟာရကို ဆက်ဆံရေးတခု၏ ဖြူစင်မှုကို ကာကွယ်ချင်သော ပြင်းပြသော စိတ်ဆန္ဒတခုဖြစ်သည်။ ပိုင်ဆိုင်မှုတခုခုကို ထိန်းသိမ်းရန် ပြင်းပြသော ဆန္ဒကိုလည်း ရည်ညွှန်းသည်။

  • ဤဝေါဟာရကို အများအားဖြင့် အိမ်ထောင်ရှင် ဇနီးမောင်နှံများကြား၌ သစ္စာမရှိမှုကြောင့် အမျက်ဒေါသထွက်သော ခံစားမှုများ၌ အသုံးပြုတတ်ကြသည်။
  • သမ္မာစာကျမ်းစာ၌ ဘုရားသခင်က သူ့လူမျိုးတော်ကို အပြစ်နှင့် မစွန်းကွက်ဘဲ သန့်ရှင်းစင်ကြယ်သောအသက်တာ၌ အသက်ရှင်စေချင်သော ပြင်းပြသောဆန္ဒကို ဖော်ပြရာ၌ အသုံးပြုလေ့ရှိသည်။
  • ဘုရားသခင်က သူ၏ဂုဏ်ပြုကြည်ညိုဘွယ်ကောင်းသော သူ၏ နာမတော်အတွက်ပင် မနာလိုစိတ်ရှိသည်။
  • မနာလိုခြင်း" ၏ နောက်ထပ်အဓိပ္ပာယ်တမျိုးမှာ သူတပါး၏ အောင်မြင်ကျော်ကြားမှုအတွက် မပျော်ရွှင်နိုင်ခြင်းဖြစ်သည်။ ရန်လိုခြင်း ဟူသော စကားလုံး၏ အဓိပ္ပာယ်နှင့် နီးစပ်သည်။

ဘာသာပြန်အကြံပေးချက်များ

  • "မနာလိုခြင်း' ကို 'ပြင်းပြသောကာကွယ်လိုစိတ်' (သို့) 'ပိုင်ဆိုင်လိုသောဆန္ဒ' ဟု ပြန်ဆိုနိုင်ပါသည်။
  • "ပြင်းပြသောကာကွယ်ချင်သောခံစားမှု" (သို့) "ပိုင်ဆိုင်လိုသောခံစားမှု" ဟုပြန်ဆိုနိုင်ပါသည်။
  • ဘုရားသခင်နှင့်ပတ်သက်၍ဤဝေါဟာရကိုပြန်ဆိုရာတွင် စိတ်မကျေမချမ်းဖြစ်ခြင်းဆိုသော အနုတ်လက္ခဏာဆောင်သော အဓိပ္ပာယ်မျိုး မဖွင့်ဆိုမိရန် အရေးကြီးသည်။
  • "ကိုယ်ထက်ပို၍ အောင်မြင်သောတပါးသူအပေါ်၌ထားသော မကျေချမ်းမှုကို ဖော်ပြရာ၌ 'ရန်လိုခြင်း၊ ဂုဏ်ပြိုင်ခြင်း' ဆိုသော စကားလုံးများကို အသုံးပြုသင့်သည်။ သို့ရာတွင် ဤသို့သော ဝေါဟာရမျိုးကို ဘုရားသခင်၌ မသုံးနှုန်းသင့်ပါ။